32 C
Yangon

၂ နှစ်တာ တော်လှန်ရေးကာလအတွင်း တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ် ဖြစ်ပွား၍ စစ်ကောင်စီဘက်မှ စစ်သား သုံးသောင်းခန့် ချေမှုန်း သေဆုံး

Must read

၂ နှစ်တာ တော်လှန်ရေးကာလအတွင်း တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ် ဖြစ်ပွား၍ စစ်ကောင်စီဘက်မှ စစ်သား သုံးသောင်းခန့် ချေမှုန်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ ကြည်းတပ်တွင် ခြေလျင်တပ်ရင်း ၂၁၄ ရင်းနှင့် ခြေမြန် တပ်ရင်း ၃၀၇ ရင်းရှိ၍ အဓိက မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း၊ လေတပ် ၊ ရေတပ်နှင့် လက်ရုံးတပ်များ အပါအဝင် စစ်တပ် အင်အားမှာ စုစုပေါင်း ၂၂၅၀၀၀ – ၂၄၀၀၀၀ ခန့် ရှိနိုင်ကြောင်း၊ ခုခံတွန်း လှန်စစ် ၂ နှစ်တာကာလအတွင်းတွင်မူ စစ်သား အင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်းသည် ၂ နှစ်အတွင်း စစ်မြေပြင်တွင် ပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်သားများသာမက တပ်ပြေးများ ၊ စစ်တိုက် ရန် ငြင်းဆန်၍ ထောင်သွင်းအကျဉ်းချခံထားရသူ အရေအတွက်သည်လည်း ထောင်ချီရှိမည်ဟု ခန့်မှန်းရကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ခုခံ တွန်းလှန်စစ် ဒုတိယနှစ်တွင် အင်အားဆုတ်ယုတ်လာသည့်ကို သိသိသာ သာတွေ့မြင်ရပြီး ပျူစောထီးများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့် တပ်များ၊ စစ်မှုထမ်းဟောင်းများ၊ အသက်မပြည့်သေးသည့် တပ်သား သစ်များကို တိုးချဲ့စည်းရုံးရုံသာမက စစ်သား ဇနီးမယားများ၊ Non-CDM ဝန်ထမ်း များကိုပါ လက်နက်ကိုင်ခိုင်း၍ စစ်ပွဲတွင် အသုံးချရန် အားထုတ် နေကြောင်း NUG က ဆိုသည်။

ပြည်သူ့ခုခံတွန်းလှန်စစ်သည်သည် ပထမနှစ်တွင် ခံစစ်ကာလ ဖြစ်ခဲ့ပြီး ဒုတိယနှစ်တွင်မူ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်သည့် မဟာဗျူဟာ ထိုးစစ် အကြို ကာလသို့ ကူးပြောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုးစစ်ပြင် ဆင်နေချိန် တွင် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ရေးအခြေအနေသည်လည်း ထိုးစစ်မှ ခံစစ်သို့ လျော့ကျသွားပြီဖြစ်ကြောင်း၊ တော်လှန်ရေး အင်အားစုများ ဝိုင်းဝန်းပိတ် ဆို့ ထားသည့် မြို့ပြများနှင့် ၎င်းတို့၏ တပ်စခန်းဌာနချုပ်များ ပတ်ပတ်လည်ရှိ လမ်း၊ တံတားများကို ဖျက်ဆီးခြင်း၊ မိုင်းကွင်းကာရံခြင်းများကို ပို၍ ဆောင်ရွက် လာပြီး နေပြည်တော်တွင် စစ်၊ ရဲနှင့် ယန္တရားတပ်များကို အင်အားတိုးချဲ့၍ ခံစစ်ပြင်နေသည်ကို တွေ့မြင်ရသည်ဟု NUG က ပြောသည်။

ခုခံတွန်းလှန်စစ် ပထမနှစ်တွင် အကြမ်းဖက် စစ်တပ်၏ စခန်း ၂၈ ခုသာ တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင်မူ စခန်းပေါင်း ၁၀၇ ခုထိ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ ၁နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲ ၃ ဆကျော် ဆင်နွှဲနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်တို့တွင် ဟန်ချက်ညီစစ်ဆင်တိုက်ခိုက်မှု အကြိမ် ၇၀ ဆောင် ရွက်နိုင်ခဲ့ပြီး ၆၅ ကြိမ်မှာ ၂၄ နာရီအတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ကျယ်ပြန် သည့် စစ်နယ်မြေတစ်လျှောက်တွင် တပြိုင်နက်တည်း ဟန်ချက်ညီတိုက်ခိုက်မှု လုပ်ဆောင်နိုင်သည့် စစ်ရေးစွမ်းရည် ပိုင်ဆိုင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပစ်မှတ်များတွင် စစ်တပ်၏ လေတပ်စခန်း၊ ရဟတ်ယာဉ်ကွင်းများ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်မဌာနချုပ်များ၊ အထိုင်နှင့် နောက်တန်းစခန်းများ၊ ရဲစခန်းနှင့် ပျူစောထီးစခန်းများ၊ စစ်တပ် စစ်ကြောင်းများ ပါဝင်ကြောင်းသိရှိရသည်။

ဆက်လက်၍ ဒုတိယနှစ်တွင် ခုခံတွန်းလှန်စစ် အားကောင်းသည့် ဒေသများတွ င် အကြမ်းဖက်စစ်တပ်၏ လက်နက်ငယ်များသာမက ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်များ၊ စက်လက်နက်ကြီးများနှင့် ခဲယမ်းမီးကျောက်မျိုးစုံကို ထု နှင့် ထည်နှင့် သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ယန္တရားကြီးများကိုပါ တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ တိုက်ပွဲတွင် စစ်ရဟတ်ယာဉ် ၁ စီး၊ မယ်စဲ့မြို့ တိုက်ပွဲတွင် စစ်တပ်၏ K-8 စစ်လေယာဉ် ၁ စီးကို ထိခိုက်ပျက်စီးသည်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး ချင်းပြည် နယ်တွင် သံချပ်ကာယာဉ် ၂စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် ဒုတိယနှစ်တွင် စစ်တပ်ဘက်မှ ပြည်သူ့ရင်ခွင်ခိုလှုံရာ တွင် တပ်ခွဲအဆင့်၊ တပ်ရင်းအဆင်လိုက် ဘက်ပြောင်းမှုများ ရှိလာပြီး ကယား မယ်စဲ့တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ရင်း ၁၀၀၄ နှင့် ၁၀၀၅ တို့ တော်လှန် ရေးဘက် သို့ ကူးပြောင်း ရပ်တည်လာကြောင်း၊ အာဏာသိမ်း ပြီးချိန်မှ စ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် စိစစ်ပြီး စစ်သားများမှာ ၃၂၃၄ ဦး၊ ရဲတပ်သား ၁၀၅၃၆ ဦး၊ စုစုပေါင်း ၁၃၇၇၁ ဦး ရှိပြီး စိစစ်ဆဲမှာ စစ်သားနှင့် ရဲ စုစုပေါင်း ၁၄၀၀၀ ကျော်ရှိကြောင်း၊ ကူးပြောင်းလာသူများတွင် ဒုဗိုလ်မှူးကြီး အဆင့် အရာရှိကြီးများအပါအဝင် အရာရှိ ၊ အကြပ်စစ်သည်များစွာ ပါဝင် ကြောင်း သိရှိရသည်။

CDM စစ်သားနှင့် ရဲများထဲမှ ၄၀၀ ကျော်သည် လက်ရှိတွင် PDF ရဲဘော်များ အဖြစ်ခံယူ၍ စစ်ရုံးချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများတွင် တာဝန် ထမ်းဆောင်နေကြကြောင်း၊ စစ်တပ်ကို သစ္စာခံ၍ စစ်ရာဇဝတ်မှုကျူး လွန်သူ များ၊ ပြည်သူအပေါ် အကြမ်းဖက်သူများကိုမူ ဥပဒေနှင့် အညီ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း NUG က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article