36 C
Yangon

သထုံရှိ ပိန္နဲတော စစ်တပ်စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

သထုံရှိ ပိန္နဲတော စစ်တပ်စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပိန္နဲတော အကြမ်းဖက် စစ်တပ် စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် သထုံခရိုင် တပ်မဟာ ၁ ၊ တပ်ရင်း ၂ KNLA+PDF တပ်ခွဲ ၁ နှင့်တပင်ရွှေထီးစစ်ကြောင်း၊ Drone Team၊ ပူးပေါင်းအဖွဲ့များက စကခ ၈ ၊ ဗျူဟာ ၃ လက်အောက်ခံ သထုံမြို့နယ်၊ ပိန္နဲတော အကြမ်းဖက် စစ်တပ် စခန်းကို Drone ဖြင့် ၄၀ မမ ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိန္နဲတော စစ်စခန်းကို Drone ဖြင့် ဗုံး ၁၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့များတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိန္နဲတောစစ်စခန်းကို Drone ဖြင့် ဗုံးသီး ၄၂ လုံးဖြင့် ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့​ရာ အရာရှိ ၁ ဦးသေဆုံးပြီး ၅ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ပိန္နဲတော စစ်စခန်းမှ ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ညောင်ကုန်း BGF စခန်းကို ပို့ဆောင်ပြီး ပြန်လာသည့် စစ်သားများကို ဒုံသမိချောင်းဖောင်ကူးဆိပ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ တိုက်ခိုက်မှု အတွင်း ပိန္နဲတောစစ်စခန်းမှ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့‌ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာမှ ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ် ၊ မြင်းချင်း ပျူစောထီးကျေးရွာ အနောက်မြောက်ဘက်တွင် ပျူစောထီးများ လယ်လုပ်ရန် ကင်းယူ၍ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး အလောင်းများကို မြင်းချင်းရွာမှ ပျူစောထီး ၁၅ ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ သယ်သူသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသားပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DaungMann ၊ဒေါင်းစစ်သည်၊ ဗိုလ်မဟာ ၊ ‌ရွှေဘို စွန်ရဲ ၊ Shwebo Federal Army ၊ Yaung Ni ၊ Eyes For Eyes ၊ ဇေယျာသွေး ၊ MC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Snake Eyes ၊ Flying Dragon Force ၊ God Of Satan ၊ ရွှေဘို အားမာန် နှင့် HG Fighters ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article