မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၄ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဝါးလုံးပြွန်ရွာတွင် အင်အား ၆ဝ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ရှေ့ထွက် စိန်ပြောင်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ရာ စစ်သားသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၃ ပကဖ အဖွဲ့များဖြစ်သည့် နဂါးညီနောင်၊ မိုးကြိုး ပြောက်ကျားတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။