27 C
Yangon

ဝက်လက်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ ငါန်းဇွန်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဝက်လက်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ ငါန်းဇွန်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန် ၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ပြောကြားသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီး၌လည်းကောင်း၊ စက်တင်ဘာလ ၅ ရက် နေ့က ရွှေဘိုမြို့နယ်မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ ကို ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာအုပ်စု၊ လှေပို့ဆိပ်ကျေးရွာ အနောက် ဘက်၌လည်းကောင်း၊ စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ငါးပတ်ချောင်းကျေးရွာ၊ သစ္စာရဘုရား အနောက် ဘက်၌ လည်းကောင်း၊ စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်း မြို့နယ်မှ စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်တပ်ကို ဝက်လက်မြို့နယ်၊ မင်းကုန်းလေးကျေးရွာ အနောက်ဘက်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီစစ်ကြောင်းထွက်လာတာ ကျောက်မြောင်း မခေါက်ဘက်ကနေတဆင့်ထွက်လာတာ၊ ထုံဘိုဘက်မှာ အသင့်စောင့်ပြီးတော့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာ၊ အဲဒီတိုက်ပွဲဖြစ်နေရာတွေကို ရှင်းလင်းရေးဝင်တော့ ဦးထုပ်တွေကျန်ခဲ့တယ်၊ ပြီးတော့ ဆေးကုထားတဲ့၊ ဆေးထိုးထားတဲ့ သွေးစသွေးနတွေကျန်ခဲ့တယ်၊ အဲတုန်းက ထုံဘိုတက်ကို တက်လိုက်၊ အနောက်တောကြီးဘက်ကို ပြန်ခေါက်သွားလိုက်၊ နောက်ရက် ပြန်တိုးလာလိုက် ထိတွေ့မှု ၂ ခါ ၃ ခါဖြစ်တာ၊ အဲဒီတုန်းက ကျည်ကုန်လို့ လို့ပြောတယ်၊ ည ၂ နာရီ လောက်ကြီးတက်လာတာ၊ ငါးပတ်ချောင်းအနောက် သစ္စာရ ဘုရားရောက်တော့ အရှေ့ဘက်ကမ်း စဉ့်ကူးဘက်က အရပ်သားလှေတွေနဲ့ ရိက္ခာဖြည့်ပြီးတော့ ပြန်ထွက်လာတာ၊ သစ္စာရဘုရား တောင် ဘက် ဖြတ်တက်တဲ့အချိန်မှာ တောင်ကုန်းအမြင့်ကနေ စောင့်ပစ်တာ၊ တိုက်ပွဲဖြစ်ပြီးတော့ ဘောင်းဘီ ၃ ထည်ရယ်၊ အောက်ခံ ဘစ်တွေရယ်၊ ဦးထုပ်တွေရယ်၊ သွေးစသွေးနတွေရယ်တွေ့တယ်၊” ဟု People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲအပါအဝင် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံး မှုရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက် ဖိုက်တာ ဖြင့် အဆက်မပြတ်ပျံဝဲနေကြောင်း သိရသည်။

“ဂျက်ဖိုက်တာကတော့ တောက်လျှောက်ဝဲတာ၊ စစ်ကြောင်းထိတွေ့မှုဖြစ်တာနဲ့ ဂျက်ဖိုက်တာက လာ ပြီးသား ၂ စီး ၃ စီး၊တစ်စီးပြီးတစ်စီး တက်တက်ဝဲတာ၊ ဒီစစ်ကြောင်းအများကြီးထိုးတဲ့အထဲမှာတော့ အပေါ်ကနေ ပစ်ခတ်မှုတော့မရှိသေးဘူး၊ အရင်တုန်းကတော့ တောက်လျှောက်ပစ်တာ၊ ကျနော်တို့ ဝက်လက်က လေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ စစ်ကြောင်းနဲ့ပဲဖြစ်ဖြစ် စံနမူနာအနေနဲ့ အရင်လုပ်ခံရတဲ့ နေရာ ဖြစ်နေတာ၊ စစ်ကြောင်းမှာလည်း ထိတာများတယ်၊ စစ်ကြောင်းဖြစ်နေလို့ မသိရသေးတာ၊ ပြီးတော့ ရွာမီးရှို့တဲ့အထဲမှာလည်း ထည့်ပြီးတော့ မီးရှို့သွားတာရှိတယ်၊ ဒါပေမယ့် စစ်ကြောင်းကတောက် လျှောက်ထိုးနေတော့ နယ်မြေရှင်းလင်းရေးမဝင်နိုင်တဲ့အနေအထားတွေဖြစ်နေတာ၊ စစ်ကြောင်း နေတော့ မသိရသေးတော၊ အလောင်းမတွေ့ရသေးတာပေါ့၊ သစ္စာရဘုရားတောင်ဘက်မှာ ဖြစ်တဲ့ တိုက် ပွဲမှာဆိုရင်လည်း ယူနီဖောင်းတွေအများကြီးချွတ်ထားခဲ့တာ၊ ကျည်ကာတွေရော ဦးထုပ်တွေရော၊ ပြီး တော့ လက်ဝါးကပ်တိုင်ပုံစံလေးတွေ လုပ်ထားခဲ့တာတွေလည်းရှိ တယ်၊ အဲဒါတွေလည်း မတူး ရဲသေး ဘူး၊ ဒီအတိုင်းပစ်ထားတာ၊ နင်းမိုင်းတွေဘာတွေထည့်သွားမလားဆို ပြီးတော့၊” People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။

ဝက်လက်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည်လည်း တိုက်မိုင်းမိကာထိလိုက်သေဆုံးမှု ရှိပြီး စက်တင်ဘာလ ၆ ရက်နေ့က တစ်ဦး၊ စက်တင်ဘာလ ၇ ရက်နေ့က ၂ ဦးသင်္ဂြိုလ်လိုက်ကြောင်း ၊ စစ်တပ်စစ်ကြောင်းများအတွင်း ထိခိုက်ဒဏ်ရာရစစ်သားများကို စက်တင်ဘာလ ၇ ရက်နေ့ညပိုင်းက စစ်ကိုင်းမြို့ဘက်သို့ မီးရထားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ကျေးရွအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ဘေးဆောင်ရွာမှ ညောင်လေး ပင်ရွာသို့ ပြန်လည် ဆုတ်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားအများအပြား ထွက်ပြေးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရှိကာ သေဆုံးမှစာရင်းသိ ရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ )၊ T.G.R People Defence Force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊T.G.R Women Drone Force ၊ Black Eagle Defence Force – MMU၊ Black Eagle Drone force ၊ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ငန်းနက်ပျောက်ကျားအဖွဲ့၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက် တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ နှင့် 925 ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article