25 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

Must read

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ စက်တင်ဘာ ၈

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက် စစ် ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းပစ္စည်း အချို့သိမ်း ဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ် စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် စခန်း အတွင်းရှိခဲ့သော ပစ္စည်းအချို့ သိမ်းဆည်းနိုင် ခဲ့ကြောင်း၊ တပ်ဆုတ်ခွာချိန်တွင် မိုင်းအများအပြား ထောင် ထားခဲ့သဖြင့် နယ်မြေရှင်းရန် အခက်အခဲအချို့ရှိနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကယား(ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ၊ DMO PDF တပ်ရင်း ၄ ၊ KNDF BO (01) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကယား(ကရင်နီ)ဒေသသည် စစ်ရေး အရ အပြင်းထန်ဆုံး အနေ အထားတွင်ရှိနေပြီး လိုအပ်လျက်ရှိသော လက်နက်၊ ခဲယမ်းများဝယ်နိုင်ရန် ပြည်သူများမှ ဝိုင်းဝန်းကြိးစားထောက်ပံ့ပေးကြပါရန် Karenni Revolution Union (KRU) က မေတ္တာရပ်ခံထားသည်။

အလားတူ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲ ကျေးရွာနှင့် ပူးဖားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းသိမ်းခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံး လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article