Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက်စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိနေတဲ့ အာဆီယံလေတပ် ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက တက် ရောက်မှာ မဟုတ်ဘူးလို့ ငြင်းပယ်လိုက်ပါတယ်။
– အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ ထားတဲ့ မြန်မာစစ်တပ်လက်အောက်ခံ MFTB နဲ့ MICB ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ မလုပ်ကိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ကနေ ညွှန်ကြားချက် ထုပ်ပြန်လိုက်တယ်လို့ ဘင်္ဂလား ဒေ့ရှ် အခြေစိုက် Daily Sun သတင်းကနေ ဖော်ပြထားပါတယ်။
– ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးပြီးတဲ့နောက် AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနဲ့ ရဲ ၂ ဦးကို အပြန်အလှန် ဖမ်းဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။