28 C
Yangon

ကျိုက်ထိုတွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ၊ ကန့်ဘလူတွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦး ထပ်မံ သေဆုံး

Must read

ကျိုက်ထိုတွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ၊ ကန့်ဘလူတွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦး ထပ်မံ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ကျိုက်ထို အခြေစိုက် တပ်မ -၄၄ လက်အောက်ခံ ခလရ-၈ တပ်စခန်းမှ ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး အသက် ၄၃ နှစ်အရွယ် ဦးအောင်ထန်း မိုင်းနင်းမိသည့်နေရာတွင် ခြေနှစ်ဖက်စလုံး ထိခိုက်ကာ အပြင်း အထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ဦးအောင်ထန်းသည် ဒိုက်ဦးမြို့နယ်၊ ခက်တိုင်းရွာသား တစ်ဦးဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြောင့် ကျိုက်ထိုမြို့နယ်အတွင်း အငှားလုပ်သားအဖြစ် (ကျပန်း) အလုပ် လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် သထုံဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ကိုးတောင်ဘို့တိုက်နယ်၊အလယ်ခုံရွာမှ အသက် ၂၅ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသား ၁ ဦးမြွေဆိုး ကိုက်ခံရပြီး မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၇ လုံး အချိန်မှီ ထိုးနိုင်ခဲ့သောကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် ထန်းကုန်းတိုက်နယ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် စစ်ဘေးရှောင်နေသည့် အင်းလယ်ကြီးရွာမှ အသက် ၃၈ နှစ်အရွယ် မမာရီသည် ည ၉ နာရီခန့်တွင် ထွက်ပြေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံခဲ့ရကြောင်း၊ မြွေဆိုးကိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ပစ်ခတ် စစ်ကြောင်းထိုးနေခြင်းကြောင့် အချိန်မီ ဆေးကုသခွင့် မရရှိဘဲ ထွက်ပြေး တိမ်းရှောင်စဥ် သေဆုံးခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article