26 C
Yangon

ကလေးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် နေရာ အများအပြား ရေနစ်မြှုပ်နေ

Must read

ကလေးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် နေရာ အများအပြား ရေနစ်မြှုပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၈ ရက်နေ့၌ နေရာတော်တော်များများ ရေကြီးနေပြီး စစ်ဘေးရှောင်ပြည်သူများ အခက်တွေ့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၈ ရက်နေ့တွင် ကလေးမြို့ရှိ တောင်ဖီလာ၊ အောင်သစ္စာ၊ အောင်မင်္ဂလာ၊ တာဟန်း၊ တောင်ဇလပ်၊ အင်တိုင်းကုန်း၊ မြို့လှ၊ တောင်သာ ၊ လက်ပန်ချောင်း၊ ချမ်းမြေ့အောင်စည် ၊ ကြို့သုံးပင် စသည့် ရပ်ကွက်များအတွင်း ရေကြီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရေမကျသေးဘူး။ မိုးမပြတ်တာပေါ့။ ရှောင်တဲ့နေရာတွေမှာပဲ ရေကြီးနေတာက” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article