31.1 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျောင်းဆရာ ၁ ဦး၊ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျောင်းဆရာ ၁ ဦး၊ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေ ယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းဆရာ ၁ ဦးနှင့် ဆယ်ကျော်သက်အရွယ် ကျောင်း သားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း KNU-မူတြော် သတင်းစဉ်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်နေ့၊ နံနက် ၀၆ နာရီ ၀၃ မိနစ်အချိန်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ ဗုံးကျဲချရာ အသက် ၅၆ နှစ်အရွယ် ကျောင်း ဆရာ စောဖါးဒါး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသား စောအယ်မူလား၊ အသက် ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ အသက် ၁၃ နှစ်အရွယ် ကျောင်း သား စောဘိုကြီးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ပြီး ၇ ဦးလုံးမှာ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း၊ ဒဏ်ရာရရှိ သူများမှာ အသက် ၁၄ နှစ် အရွယ် ကျောင်းသူ နော်ဖေါစေးထူး၊ အသက် ၁၁ နှစ်‌အရွယ် ကျောင်းသူ နော်ဒါးဝါး၊ အသက် ၉ နှစ် အရွယ် ကျောင်းသား စောအယ်မူလာဝါး၊ အသက် ၁၅ နှစ်ရွယ် ကျောင်းသား စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ နော်မူလာကပေါ်၊ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမ နော်ဒါးတို့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အကြမ်း ဖက် စစ်ကောင်စီလေတပ်က ခလယ်ထာ၊ တာခဲဒဲဒေသကျေးရွာများသို့ ၃ ကြိမ် ၊ ဂယ်ယူဒဲဒေသတွင် တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိတိ ဂျက်တိုက်လေ ယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း KNU မူတြော်သတင်းစဉ်က ဆိုသည်။

ထို့အတူ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁:၄၅နာရီအချိန် အကြမ်းဖက် စစ်ကောင်စီလေတပ်က လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စု အတွင်းရှိ ရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးဆံ၊ စက်သေနတ်အကြီားစားဖြင့်လာရောက် ကျဲချ ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အသက် ၄၅ နှစ်အရွယ် စောရှီးမူး ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ ၄ လုံး ပျက်စီးခဲ့ ကြောင်း ၊ ကော်ရော်ဘာထာကျေးရွာတွင်မူ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အိမ်ခြေ ၆ လုံးနှင့် ဘုရားကျေင်းတစ်ကျောင်း၊ ဝတ်ပြုဆုတောင်းရာ နေရာ တစ်နေရာနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article