Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ထိုင်းနိုင်ငံ နယ်စပ်ဖြစ်တဲ့ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် လေးတောခိုရွာအတွင်းကို အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်သား ၈၀ ဦးဝန်းကျင် ကျူးကျော်ဝင်ရောက်နေတယ်လို့ ထိုင်းနယ်စပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
– စစ်ကိုင်းတိုင်း ကလေးမြို့မှာ စက်တင်ဘာ ၈ ရက်နေ့က မိုးရွာသွန်းမှုကြောင့် နေရာတော်တော်များများ ရေကြီးနေပြီး စစ်ဘေးရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။
– လူမှုကွန်ရက်တွေမှာ အွန်လိုင်းလောင်းကစား Page တွေထူထောင်ပြီး ငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံ သား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲအဖွဲ့ဆီကို လွှဲပြောင်းပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်