By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ခိုင်းစေချက်အရ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အားလုံး လစာရဲ့ ၂၅ ရာခိုင်နှုန်း ပြည်တွင်းကို ပြန်ပို့ရမယ် ၊ မပို့ရင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ် ပိတ်ပင် မယ်ဆိုပြီး စစ်ကောင်စီက အမိန့်ထုတ်လိုက်ပါတယ်။
– ရန်ကုန်မြို့က စစ်ကောင်စီ အခြေစိုက်ရာ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင် တယ်လို့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲမှု ကြောင့် ကျောင်းဆရာ ၁ ဦး နဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်