30 C
Yangon

ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံး

Must read

ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံး

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၆၀၅၀ မီးလောင် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ငါးရုံကြီးရွာ၊ ရှားတောရွာ၊ ဂျပို့ရွာ တောတိုက် စာသင်ကျောင်းနှင့် မုံလှရွာ စာသင်ကျောင်း ဘုန်းကြီးကျောင်း တို့ကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ခင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများမှာ ရွာသစ်ကုန်းရွာတွင် အင်အား ၅၀ ခန့်၊ အင်းပတ်ကွေ့ ဈေးတန်းတွင် အင်အား ၃၀ ခန့်၊ မြင်းဒေါင်းအရှေ့ မူးတိမ်ချောင်းတံတားတွင် အင်အား ၃၀ ခန့်၊ ပျဥ်ထောင်ရွာတွင် အင်အား ၆၀ ခန့်၊ မဒေါင်းလှရွာတွင် အင်အား ၅၀ ခန့်၊ မကျီးတုံရွာတွင် အင်အား ၅၀ ခန့်နှင့် ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ တို့၌ အင်အား ၆၀ ခန့်တို့ဖြင့် တပ်စွဲထားကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၆၄ စု ရှိပြီး ကျေးရွာပေါင်း ၁၄၇ ရွာရှိကာ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်ရှိကာ နေရပ်မနေနိုင်သည့် အမြဲတမ်း စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်း လစဥ်စစ်ကြောင်း ထိုးနေသောကြောင့် စစ်ဘေးရှေ​ောင် ပြည်သူများသည် စားဝတ်နေရေး လုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် နေ့စဥ်ဝင်ငွေ ရှားပါးလာသည်နှင့်အတူ ကုန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် နေစဥ်စားဝတ်နေရေးအတွက် ရုန်းကန်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article