24 C
Yangon

ပုလောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ပုလောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စုရှိ လက္ကူရွာနှင့် မြဒေါင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

တိုက်ခိုက်မှုကြေင့် လက္ကူရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမြတ်ဖြိုးဝေ လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၅ ဦး ယမ်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်၍ ပုလောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်မှာ မျက်နှာတွင် ယမ်းစ ထိမှန်ထားကာ ကျန် ၃ ဦးမှာမူ မစိုးရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လက်ရှိတွင် ကျေးရွာ ၂ ရှိ ဒေသပြည်သူများမှာ ပိတ်မိနေကြောင်း၊ ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း ပုလောအခြေစိုက် ၂၈၅ တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း‌ ဒေသပြည်သူများက ပြောကြားသည်။

ပု‌လောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးနောက် တိုက်ပွဲများဖြစ်ပွားခြင်းများရှိပြီး တိုက်ပွဲ မရှိသည့် အချိန်တွင်လည်း အကြမ်းဖက်စစ်တပ်မှ အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်နေ၍ ဒေသပြည်သူများ ထိမှန် သေဆုံးမှုများ ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article