စစ်ကိုင်းမြို့နယ်တွင် တပ်မ ၃၃ မှ ထွက်လာသော စစ်ကြောင်းကို မိုင်း၊ လက် နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်တပ် မှ အရာရှိတစ်ဦးအပါအဝင် ၇ ဦး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာအနီးတွင် အကြမ်းဖက် စစ် ကောင်စီ စစ်ကြောင်းကို မိုင်း ၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ ကြောင်း နယ်စည်း မခြား စစ် ကိုင်းသား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
စက်တင်ဘာလ ၅ ရက်နေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ကျော်ဇေယျာကျေးရွာ အနီးတွင် တိုက်မိုင်း ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ည ၁၀ နာရီ ၁၂ မိနစ်တွင် ရွာ၏ အနောက်ဘက်သို့ ရမ်းသမ်းပစ်ခတ်ကာ ထွက်လာ သည့် အကြမ်းဖက်စစ်သားများကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦးထပ်မံသေ ဆုံးခဲ့ကြောင်းသိရသည်။
“စစ်ကိုင်းမြို့နယ်၊ အုန်းတောကနေပြီးတော့ စစ်တပ်ထဲရောက်တယ်၊ အဲဒီက နေမှ ရုံးပင်ကန်ဆိုတဲ့ ကျေး ရွာ ၊ ရုံးပင်ကန်ကနေ ဝက်သပုတ်ဆိုတဲ့ ကျေးရွာကို ထပ်ရောက်တယ်၊ ပြီးတော့ မာလဲတော (ပျူ) ရွာကို ဝင်သွားတယ်၊ မာလဲ တော (ပျူ)ရွာကနေ ထပ်ထွက်လာပြီးတော့ ကျော်ဇေယျာကျေးရွာအနီး ရောက်တဲ့ အချိန်မှာ အသင့်ထောင်ထားတဲ့ တိုက်မိုင်းတစ်လုံးကွဲခဲ့တယ်၊ ပြီးတော့ ရွာရဲ့ အနောက်ဘက် ကိုရောက် တဲ့အချိန်မှာ ရမ်းသမ်းပစ်မှုပြုလုပ်နေတုန်း ကျနော် တို့ အဖွဲ့တွေ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်၊ ပစ်ခတ် မှုနဲ့ မိုင်းထိသေဆုံးမှု အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးတယ်လို့ သိရပါတယ်၊ ဒီစစ် ကြောင်းက ဝက်လက်ကို ထိုးတဲ့ စစ်ကြောင်းမဟုတ်ပါဘူးဗျ၊ စစ်ကိုင်းမြို့နယ် ထဲကို လှည့်ပတ် ထိုးနေ တဲ့ စစ်ကြောင်းပါ” ဟု နယ်စည်းမခြားစစ်ကိုင်းသား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၄ ၊ တပ်စု ၂ ၊ နယ် စည်း မခြား စစ်ကိုင်းသား အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။