ဒေါ်လာဝယ်ယူခွင့်လိုင်စင် ထုတ်ပေးသူ ဗိုလ်ချုပ်ရန်နောင်စိုး ဖမ်းဆီးစစ်ဆေးခံ နေရပြီး ၎င်းနှင့်အတူ ကုန်သည်နှင့်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ထက်မနည်းကို စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးစစ်ဆေးနေ
■ စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ဒေါ်လာနှင့်ပြည်ပ နိုင်ငံခြားငွေလဲလှယ် သည့် စျေးကွက်၊ ရွှေစျေးကွက် အကြီးအကျယ် ပျက်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၀
အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသော ကုန်စည်စီးဆင်းမှုကြီး ကြပ်ရေး ကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ နိုင်ငံခြားငွေနှင့်ဒေါ်လာ ဝယ်ယူခွင့် လိုင် စင် ထုတ်ပေးသူလည်းဖြစ်သူ ဗိုလ်ချုပ်ရန်နောင်စိုးကို စစ်တပ်က ဖမ်းဆီးပြီး နောက် ၎င်းနှင့်အတူ ကုန်သည်နှင့်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ထက်မနည်းကို စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးထားကြောင်း ပြည်တွင်း UMFCCI အသိုင်း အ၀ိုင်း မှ သိရှိရသည်။
စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် ကုန်စည်စီးဆင်းမှု ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်ချုပ်ရန်နောင်စိုးကို စစ်တပ်က ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ဒေါ်လာစျေး ကစားသည်ဟုဆိုကာ ကုန်သည်များ၊ စီးပွားရေးသမားများ စုစုပေါင်း ၁၀၀ ထက်မနည်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ကုန်သည်နှင့်စီးပွားရေးသမားများ၏ ထွက်ဆိုချက်အရ ဗိုလ်ချုပ်ရန်နောင်စိုးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်ချုပ်ရန်နောင်စိုးက သွင်းကုန်ပါမစ် ရရှိထားသူတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိအောင် ဗဟိုဘဏ်နဲ့ ချိတ်ဆက်ပြီး လုပ်ပေးနေတဲ့သူ။ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီမှာလည်းပါတယ်။ သူ့ထောက်ခံချက်မရရင် နိုင်ငံခြားငွေ ဝယ်မရဘူး။ ကုမ္ပဏီတွေအားလုံးက သွင်းကုန် ပါမစ် ရပြီးရင် ဒေါ်လာဝယ်ဖို့က သူ့ထောက်ခံချက်ရမှ ဒေါ်လာရတာ။ ကုန်သည်တွေ၊ စီးပွား ရေး သမားတွေနဲ့ သူနဲ့ပေါင်းရိုက်တယ်ဆိုပြီး ဖမ်းဆီး အစစ်ခံ ရတာ မျိုးလို့ ကြားပါတယ်။ အခု ဖမ်းဆီး စစ်ဆေးတယ်ပဲ ပြောလို့ရသေးတယ်။ အမှုတော့ မတပ်သေးဘူး။ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီး ပြန်လွှတ်တာ၊ မလွှတ်တာ ဖြစ်မယ်ထင်တယ်” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားက ပြောဆိုသည်။
စစ်ကောင်စီက ဖမ်းဆီးထားသူများတွင် ပုဂ္ဂလိကဘဏ် ၃ ခုမှ ထိပ်တန်း တာ ဝန် ရှိသူတချို့၊ စက်သုံးဆီ လုပ်ငန်းအသင်း၊ ဆီလုပ်ငန်းရှင်တချို့၊ စစ် ကောင်စီ ထံ ပြည်ပပို့ကုန်ရငွေ ဒေါ်လာမအပ်ဘဲ နေသူ ပို့ကုန်လုပ်ငန်းရှင်တချို့၊ ဆန် ကုန် စည်ဒိုင်တချို့၊ ဒေါ်လာနှင့်ရွှေကုန်သည်များ၊ နိုင်ငံခြားငွေ အရောင်း အဝယ် ပြုလုပ်သူများ ပါဝင်ပြီး အဓိကအားဖြင့် စသုံးလုံးက စီမံချက်ဖြင့် စစ် ဆေး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဓိက စစ်တာက စသုံးလုံးက စစ်တယ်။ စရဖနဲ့ တပ်ကတော့ ဦးစီးတာ။ စသုံးလုံးက စစ်ပြီး ရရှိသမျှကို Report ကို တပ်ဆီကို တင်ရတယ်။ အဲဒါကို မူတည်ပြီး နောက်ဆက်တွဲတွေ လိုက်ဖမ်းနေတာ” ဟု ရန်ကုန်တိုင်းစစ်ကောင် စီသတင်းရင်းမြစ်က ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း နိုင်ငံခြားငွေ အရောင်းအဝယ် အဓိကကျသည့် လုပ်ငန်း ရှင်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ စက်သုံးဆီနှင့် စားအုန်းဆီ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးထားသည့်အတွက် စျေးကွက်ပျက်ပြားနေပြီး ဒေါ်လာစျေးမှာ အနိမ့်ဆုံးသို့ ထိုးကျနေကြောင်း၊ လုပ်ငန်းများ အားလုံးလည်း ရပ်ဆိုင်းနေကြောင်း သိရှိရသည်။
“စျေးကွက်ပျက်နေတယ်။ အခုက အကုန်ကြောက်ပြီး ပြေးနေရတာ။ အလုပ် ဖြစ် ဖို့ မဖြစ်ဖို့ထက် အလုပ်တွေပါ အကုန်နားထားရတယ်။ စျေးကွက် ကြီး တစ်ခု လုံး ပျက်သွားတာ။ စျေးကတော့ ထိုးကျနေတာ မြင်ရတယ်။ အလုပ် ကတော့ သိပ်မဖြစ်ဘူး” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။
ထို့ပြင် ရန်ကုန်နှင့်မန္တလေးရွှေစျေးကွက်တွင် ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ် သားလျှင် ငွေကျပ် ၃၃ သိန်းကျော် ဝန်းကျင်တွင် ရှိနေပြီး အရောင်းအဝယ်ရပ်ဆိုင်းကာ စျေးကွက်ပျက်နေကြောင်း သိရှိရသည်။