ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်
ရန်ကုန်၊ စက်တင်ဘာ ၁၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းထံမှ သိရသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ခရိုင် အမှတ် ၁၉ တပ်ရင်းကို ကျောနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား အာကာမောင်က လက်နက်ဖြင့် အလင်းဝင်လာကြောင်း သိရှိရသည်။
အဆိုပါ ရဲတပ်သား အာကာမောင်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆံ ၁၂၀ ပါယူဆောင်လာကြောင်း၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံဝင်ရောက်လာသော ပြည်သူ့ရဲဘော်များကို နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ကျောဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်း က ထုတ်ပြန်ထားသည်။