ကျားသစ်နက် တပ်မတော်၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေး
ရန်ကုန်၊ စက်တင်ဘာ ၁၀
ကျားသစ်နက်တပ်မတော် (Black Leopard Army) ၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေးကြောင်း သိရသည်။
တပ်ဖွဲ့၏ စားနပ်ရိက္ခာ အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရေးအတွက် ကျားသစ်နက်တပ်မတော်မြိုင်တပ်ခွဲ စိုးမိုးနယ်မြေအတွင်း လယ်မြေအလွတ်တွေမှာ
စပါးများ ထွန်ယက် စိုက်ပျိုးနေရကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စိုက်ပျိုးရေး လုပ်ငန်းများ မြန်ဆန်စွာ ပြီးမြောက်နိုင်ရေးအတွက် ကျားသစ်နက် တပ်မတော်မြိုင်တပ်ခွဲမှ ရဲဘော်များနှင့် အတူ ဒေသ ပြည်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀ ကျော်က ပျိုးနှုတ်ကောက်စိုက် လုပ်အားများ
ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး စေတနာရှင် ပြည်သူတချို့ကလည်း အသားဟင်းနှင့် ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်း သိရသည်။