26 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၅ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရေတာရှည်မြို့နယ်၊ ရွှေသောင်ရွာဟောင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နေပြည်တော် PDF ရိုးမစစ်ကြောင်းက Sniper ဖြင့် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းမှူးနှင့် ၆၀ မမ ပစ်ကူတို့ကို စနိုက်ပါဖြင့် ပစ်ခတ်နိုင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကာ တိုက်ပွဲအတွင်း စုစုပေါင်း စစ်သား ၂၅ ဦး သေဆုံးပြီး စစ်တပ်က လေယာဥ်၂ စီးဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နေပြည်တော် PDF ရိုးမစစ်ကြောင်း၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅ဝ၁၊ ၃၅ဝ၂၊ ပုဝါနီစစ်ကြောင်း၊ သံတောင် PDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article