29 C
Yangon

စစ်တပ် မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက် ထားခွင့်နှင့် ပြည်ပထွက်ခွင့် မပြု

Must read

စစ်တပ် မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက် ထားခွင့်နှင့် ပြည်ပထွက်ခွင့် မပြု

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီက စစ်တပ်မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက်ခွင့် မရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာ ခွင့် မပြုဘဲ ပိတ်ပင်ထားကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ပြည်တွင်းရှိ တပ်မိသားစုဝင်များက စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိသားစု စီးပွားရေး အဆင်မပြေမှုများကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်းနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်လိုကြကြောင်း၊ သို့ရာတွင် နိုင်ငံကူးလက်မှတ် လျှောက် ထားသည့်နေရာတွင်ပင် ကန့်သတ်ပိတ်ပင်ထားကြောင်း၊ နိုင်ငံကူး လက်မှတ် လျှောက်ထားခွင့်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်များကို စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်၍ မရကြောင်း သိရှိရသည်။

” တပ်မိသားစုဝင်တွေ နိုင်ငံခြားသွားမယ်ဆိုရင် နိုင်ငံကူးလက်မှတ် အဆင့် မှာတင် သက်ဆိုင်ရာတိုင်းကနေတဆင့် ကကကြည်းသို့တင်ပြရမယ်။ သက်ဆိုင် ရာတိုင်းမှတဆင့် နေပြည်တော် ကကကြည်းသို့ စာနဲ့တင်ပြပြီး ခွင့်ပြုချက်တောင်းတယ်။ ကကကြည်းဘက်သို့ မိတ္တူ ပေးပြီးတော့ လိုအပ် တဲ့စာရွက်စာတမ်းတွေ ဖြစ်တဲ့ မှတ်ပုံတင်မိတ္တူ၊ ပုံစံ ၁၀ မိတ္တူ၊ သွားရောက် မယ့် နိုင်ငံမှာ မိသားစုရှိကြောင်းထောက်ခံစာ၊ အလုပ်နဲ့ သွားမယ် ဆိုရင် အလုပ်ခေါ်စာတောင်းတယ်။ တပ်မိသားစုဝင်တွေက နိုင်ငံခြားမပြောနဲ့ Passport တောင်လုပ်ဖို့မလွယ်ဘူး။ တပ်တွင်းက လူတွေက Passport လွယ်လွယ်မရကြဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရန်နှင့် ပြည်ပထွက်ခွင့်အတွက် နေပြည်တော် ကကကြည်း၏ ထောက်ခံစာ လိုအပ်ကြောင်း၊ ယင်းထောက်ခံစာ ရရှိရန်မှာ လည်း အဆင့်ဆင့် လာဘ်ထိုးရကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ် လျှောက်တာမှာတင် ကကကြည်း ထောက်ခံစာ လိုတယ်။ အဲ့လိုစာတွေ ရဖို့ဆိုတာကလည်း အဆင့်ဆင့်ခေါင်းပုံဖြတ်တာနဲ့တင် လွယ် လွယ် မရဘူး။ အဆင့်ဆင့် ပေးကမ်းပြီး ထုတ်ရတာ၊ အခုဟာက တပ်မိသားစု ဝင်တွေကိုပါ စစ်ဗိုလ်ချုပ်တွေက ကျွန်ဝယ်တာ အစစ်ပါဆိုသလိုပဲ သဘော ထား နေကြတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်အတွင်း လစာဖြင့် မလောက်ငမှု ၊ စီးပွားရေး ကျပ်တည်း၍ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် စစ်သားများ၏ သားသမီးများသည် မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ရန် ကြိုးစားလာမှုများ များပြားလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article