27.7 C
Yangon

နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၁

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အား စုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန် မကွေးတိုင်း၊ နတ်မောက် မြို့၊ စိုင်ကောင်းရဲစခန်း ရှိ စစ်ဆေးရေးဂိတ် – ဘန်ကာများတည်ထားရာနေရာ ကို လက်ပစ်ဗုံးဖြင့် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု က ဝင်​ရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုတွင် အထိအခိုက် အတိအကျ မသိရှိရ​သေးကြောင်း သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး OPRF – PLA အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစု မှ ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် နှစ်ဆန်းပိုင်း စိုင်ကောင်ရဲစခန်းကို ပြည်သူ့တော်လှန်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်စဉ်။ ( ပုံအဟောင်းဖြစ်ပါသည်။ )

ယခုနှစ် နှစ်ဆန်းပိုင်း စိုင်ကောင်ရဲစခန်းကို ပြည်သူ့တော်လှန်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်စဉ်။ ( ပုံအဟောင်းဖြစ်ပါသည်။ )
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article