25.7 C
Yangon

ရုရှားနိုင်ငံလုပ် Su-30 တိုက်လေယာဉ် ၂ စင်း လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

Must read

ရုရှားနိုင်ငံလုပ် Su-30 တိုက်လေယာဉ် ၂ စင်း လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် နှစ်စင်း ကို ပထမဆုံး တင်ပို့မှု လက်ခံရရှိခဲ့ကြောင်း စစ်ကောင်စီ၏ စက်မှု ဝန်ကြီး ချာလီ သန်း က ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီRIA သို့ ပြောဆိုခဲ့ ကြောင်း Reuters သတင်းဌာနက သတင်းဖော်ပြသည်။

“လေယာဉ်နှစ်စင်း ပို့ဆောင်ပြီးပါပြီ” ဟု စစ်ကောင်စီ၏ စက်မှုဝန်ကြီး ချာလီသန်း က RIA သို့ ပြောကြားခဲ့သည်။

Su-30 SME တိုက်လေယာဉ် ခြောက်စင်း ပေးပို့ရန်အတွက် ရုရှားနှင့် မြန်မာတို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အရှေ့စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ချာလီသန်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၁၈ ခုနှစ်ကတည်းက Su-30 တိုက်လေယာ ဉ်များကို ဝယ်ယူရန် ရုရှားနှင့်မြန်မာစစ်တပ်အကြား လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ လေတပ်၏ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် Su-30 SME တိုက်လေယာဉ်ဖြင့် တွေ့ရသည့် အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article