Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၂၄၇ တပ်က စစ်သား အများ အပြားဟာ ကရင်နီတိုက်ပွဲမှာ အသေများနေတာတွေ ၊ အတိုအပြတ် ဘဝ ရောက်သွားကြ တဲ့သူတွေ များလာတာကြောင့် ရှေ့တန်း မသွားချင်တော့ပေမယ့် စစ်ကောင်စီက တိုက်ပွဲ ထဲကို ထပ်မံစေလွှတ် နေတဲ့အတွက် တပ်မိသားစုဝင်တွေဟာ ငိုယိုပူဆွေး ပွတ်လော ရိုက်နေ ကြတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ပြောပါတယ်။
– အကြမ်းဖက် စစ်တပ် မိသားစုဝင်မှန်သမျှ စစ်ရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက် ထားခွင့် နဲ့ ပြည်ပထွက်ခွင့် မပြုပဲ ပိတ်ပင်ထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ယင်းမာပင်-မြို့နယ် ၊ အလောင်းတော် ကဿပဘုရားသွားတဲ့ လမ်း ပေါ်က ဘုရားဖူး တွေ နားနေတဲ့ ပွင့်ကြီးစခန်းကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ပစ်ခတ်မှု ကြောင့် ဘုရားစေတီနဲ့ ဇရပ်တွေ ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
