ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များမှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group (C.F.G) အဖွဲ့မှ ဦးဆောင်ကာ ရှေ့ထွက် ပြောင်းတိုက် ၃ ပွိုင့် ၉ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Brave Heart Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသူ များပြားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G)မှ ဦးဆောင်ပြီး မုံရွာမုံရွာခရိုင် တပ်ရင်း ၉ တပ်ခွဲ ၃ ၊ ဗန္ဓုလနှင့်အဖွဲ့သားများ
-Brave Heart Army (BHA) က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ချင်းတွင်းမြစ်အတွင်း ဆန်တတ်လာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ် ၁ စီးကို ကျားညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ပူပေါင်း ကာကွယ်ရေရးအဖွဲ့များ ရှေ့ထွက်မိုင်းများဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၃ ကျားညီနောင်တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်း တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၃ ကျားညီနောင်တပ်ခွဲ ၂ ၊ လေပွေတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Photo – အညာပစ်တိုင်းထောင်လေးများ အဖွဲ့
