29 C
Yangon

ရန်ကုန်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွင် တင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မတင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

Must read

ရန်ကုန်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွင် တင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မတင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

■ City Mart အပါအဝင် ကုန်တိုက်တချို့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို ဆိုင်ပေါ် ပြန်တင်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်များတွင် တင်၍ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မတင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်း ခြောက်သဖြင့် စစ်တပ်ထုတ်ကုန်များကို ဝယ်ယူ၍ ဆိုင်ပေါ် တင်နေရကြောင်း ဆိုင်ရှင် တချို့နှင့် မီနီမတ်ပိုင်ရှင်တချို့ထံမှ သိရှိရသည်။

နွေဦးတော်လှန်ရေးအတွက် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရေး လှုပ်ရှား မှုများ အရှိန်တက်လာချိန်တွင် စစ်ကောင်စီကလည်း တန်ပြန် အနေဖြင့် စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်နှင့် လူသုံးကုန်ပစ္စည်း များကို ဆိုင်များတွင် တင်၍ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဟု မြို့နယ်တိုင်းရှိ ဆိုင်များကို အကြောင်း ကြားကြောင်း၊ ထိုသို့ အကြောင်းကြားပြီးနောက် စည်ပင်၊ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က စစ်ဆေးရန် ပြင်ဆင်နေ သဖြင့် စျေးဆိုင်များနှင့် ကုန်တိုက်များ၊ မီနီမတ်များတွင် စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို အပြသဘောမျိုးဖြင့် ဝယ်ယူ၍ တင်ထားရကြောင်း သိရှိရသည်။

“မြို့နယ်ရပ်ကွက်တွေမှာရှိတဲ့ကုန်စုံဆိုင်၊စတိုးဆိုင်၊မားကတ် တွေမှာ စစ်တပ်နဲ့ ဦးပိုင်ထုတ်ကုန်ပစ္စည်းရောင်းချမှုရှိ၊ မရှိနေ့စဥ် စစ်ဆေးခိုင်းနေတယ်။ စည်ပင်က အဓိက စစ်ရမှာ။ အဲဒါကြောင့် Super Market ၊ Mini Market, Convenience store တွေ မှာ ပြည်သူတွေက boycott လုပ်ထားတဲ့ စစ်တပ်ထုတ်ကုန်တွေ တင်မရောင်းရင် အရေးယူမယ် ဆိုလို ရန်ကုန်ကအဲ့ ဆိုင်တွေ က စစ်တပ်ထုတ်ကုန်တွေ အပြေးအလွှားဝယ်တင်နေကြရတယ်။ ဒီမနက်ဆိုရင် City mart က မြန်မာဘီယာ ပြန်တင်ရောင်းနေတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်မှ မီနီမတ်ဆိုင်ရှင်တစ်ဦးကမူ စစ်ကောင်စီက ၎င်းတို့၏ ထုတ်ကုန်များကို မရောင်းချသူများကို ပုံစံမျိုးစုံဖြင့် ဖိနှိပ်ရန် ကြိုးစားနေသဖြင့် ဆိုင်ပိုင်ရှင်နှင့် စီးပွားရေးသမားများအတွက် ရွေးချယ်စရာ နည်းလမ်းနည်းပါးပြီး အပြသဘောမျိုး ဝယ်ယူ၍ တင်ထားရကြောင်း၊ အဓိကအားဖြင့် ပြည်သူများက စစ်တပ်ထုတ်ကုန်များကို မဝယ်ယူရေးသာ အဓိကဖြစ်ကြောင်း၊ ပြည်သူ မဝယ်လျှင် စစ်တပ်ထုတ်ကုန်များ အကြီးအကျယ် ဆက်လက် ရှုံးနိမ့်နေမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ကို လိုင်စင်မပေးဘူး၊ ဆိုင်ပိတ်မယ်တို့ ခြိမ်းခြောက်တော့ ကျနော်တို့က အပြသဘောမျိုး တင်ထားရတယ်။ အဓိက ပြည်သူပါပဲ။ ပြည်သူက မဝယ်ကြပါနဲ့။ ကျနော်တို့လည်း မရောင်းဘူး။ အပြသဘောမျိုး လာစစ်ရင် ပြဖို့လောက်ပဲ။ ပြည်သူမဝယ်ရင် ဒီကမ်ပိန်းက ဆက်အောင်မြင်မှာပါ။ ပြည်သူက စစ်တပ်ထုတ်ကုန်တွေကို အားမပေးကြပါနဲ့ ” ဟု ရန်ကုန်မှ မီနီမတ်ပိုင်ရှင်က ရှင်းပြသည်။

စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေသော တော်လှန်ရေး တက်ကြွလှုပ်ရှားသူများက အကြမ်းဖက်စစ်တပ် ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်တွေကို သပိတ်မှောက်ကြရန် တောင်းဆိုထားပြီး သပိတ်မှောက်ရမည့် စစ်တပ် ထုတ်ကုန်များမှာ-

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- City Mart တင်ထားသည့် စစ်တပ်ထုတ်ကုန် မြန်မာဘီယာတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article