ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်း အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုလဲမြို့ နယ်၊ ကြိုးကြာဥကျေးရွာ အနီးတွင် အင်အား ၁၀၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း ၆ လုံးဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ထွက်လာတာက မနက်ကတည်း ထွက်လာတာ၊ ကွေ့ဝိုက်ပြီး ကျနော်တို့ မိုင်းကွင်းတွေကို ရှောင်နေတာ၊ ၂ ပွိုင့်တော့ လွတ်အောင်ရှောင်သွားတာ၊ အခုနေရာရောက်တော့ ကျနော်တို့အဖွဲ့က မိုင်းနေရာပြောင်းထောင် လိုက်တဲ့အခါမှာ ထိပ်တိုက်တိုးသွားတာ၊ ထိပ်တိုက်တိုးတော့ ဆွဲပြီးပြေးခဲ့ရတာပေါ့၊ နောက် ထပ် ၂ နာရီ လောက်ကြာတော့ မြင်လိုက်တဲ့သူတွေက လှမ်းဖုန်းဆက်တယ်၊ ၆ ယောက်ကို အဝတ်ပုခက်တွေနဲ့ ထမ်းသွားတာတွေ့တယ်တဲ့၊ သေတယ်လို့လည်း ကြားတယ်တဲ့၊ တိတိ ကျကျ မပြောနိုင်ဘူးတဲ့၊ ပုလဲ မြို့ရဲ့ တောင်ဘက် တစ်မိုင်ခန့်အ ကွာမှာရှိတဲ့ ကြိုးကြာဥရွာရဲ့ အရှေ့ဘက်မှာ မိုင်းကဆွဲခဲ့တာဆိုတော့ အဲညက ကြိုးကြာဥမှာ ညအိပ်တာ၊ မနက်လင်းတော့မှ ၂ ဖွဲ့ခွဲပြီးတော့ ပုလဲမြို့ထဲဝင်တာ၊ ခွေးသေတွေကိုတော့ မြေကြီးကျင်းတူးပြီးမြှုပ်ထားတဲ့တာတွေ့တယ်၊ မြှုပ်ထားခဲ့တာတောင် မြေကြီးကို အညီလုပ်ပြီး ဖိနပ် တွေနဲ့ နင်းထားခဲ့တဲ့အရာတွေတွေ့တယ်၊ ဖော်တော့မကြည့်ရဲဘူး၊ မိုင်းတွေမြှုပ်ထားခဲ့မယ်စိုးလို့” ဟု ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ ရဲ ဘော်ပေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာမှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ပုလဲမြိူ့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာရာ ကြိုးကြာဥကျေး ရွာ အနီးတွင် ဒေါင်းနက် နယ်စည်းမခြား ခရိုင်တပ်ရင်း ၁၀ မှ စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊စစ်သား ၆ ဦး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ထမ်းစင်ဖြင့် သယ်ယူသွားရကြောင်း၊ စစ်သား ၄ ဦးမှာသေဆုံးခဲ့ကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
