မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက် ၊ ဓားစာခံ ပြည်သူတစ်ဦး အသတ်ခံရ
ရန်ကုန်၊ စက်တင်ဘာ ၁၂
မကွေးတိုင်း၊ မြိုင်မြို့နယ်၊တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myaing U.A.V Fighter တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် အင်အား ၁၅၀ ကျော် ၂၀၀ ခန့်ဖြင့် ပေါက်ကန် ကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများ၊ ဒရုန်းဖြင့် များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၂ နာရီ နှင့် ၂ နာရီခွဲခန့်တွင် ဒရုန်းလေယာဉ်ငယ် များဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်တပ်အင်အားက များတော့ အနီးကပ်တိုက်ပွဲတော့ ဆင်နွှဲလို့မရဘူး၊ လက် နက်ကြီး၊ ဒရုန်းတွေနဲ့ပဲ တိုက်ခိုက်ခဲ့တာ၊ စစ်ကြောင်းက မြိုင်မြို့ ပေါ်က နေ ၁၀ ရက်နေ့ ကထွက်တယ်၊ မြိုင်မြို့မြောက်ပိုင်းဘက် က နေ အခု မြိုင်မြို့နယ် အရှေ့ပိုင်းကို ရောက်သွားပြီ၊ ပြည်သူတွေ ဓားစာခံဖမ်း သွားတာ လည်း ၂၀ လောက်ရှိတယ်၊ ဓားစာခံဖမ်းခံရသူတွေထဲက အမျိုးသားတစ်ဦးတော့ ဒီနေ့ မနက်ပဲ အသတ်ခံလိုက်ရ ပြီ၊ ပြည်သူတွေလည်း ထွက်ပြေးနေရတာဆိုတော့ ဘယ်သူ တွေဖမ်းခံရပြီး ဘယ်သူသတ်ခံရတာလဲ ဆိုတာ မသိရသေးပါ” ဟု Myaing U.A.V Fighter တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျေးရွာတပ်ပေါင်းစုအဖွဲ့၊ မြိုင်မြို့နယ် အရှေ့ပိုင်းဇုန်အဖွဲ့၊ Myaing U.A.V Fighter အဖွဲ့၊ ကျေးရွာ Local တပ်ပေါင်းစုအဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၂ ၊ တပ်ခွဲ ၅ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် ၊ ပေပင်တိုက် တော်တိုက်အနီး၌ ဖမ်းဆီးလာသော ဓားစာခံပြည်သူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ထား ခဲ့ပြီး ကံယာကောင်း ကျေးရွာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အင်အား အများအ ပြားဖြင့် စစ်ကြောင်းထိုးဝင်နေရာက်နေမှုကြောင့် ပြည်သူ ထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ဓာတ်ပုံ- Eagle Brigade (AnyarEagles)၏ ဒရုန်းလေယာဉ်ငယ်တစ်စင်း။