Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တအာင်းအမျိုးသားတပ်မတော် TNLA တို့ အတူတကွ ပူးတွဲ တိုက်ခိုက်နေတဲ့ ကနောင်စစ်ဆင်ရေးမှာ အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ် ကြောင်း မှူး ၁ ဦး၊ ဒုစစ်ကြောင်းမှူး ၁ ဦး အပါအဝင် အယောက် ၈၀ သေသွားပြီးဖြစ်တဲ့အပြင် ၊ လက်နက် ခဲယမ်း အများအပြားကိုပါ သိမ်းဆည်းရရှိထားတယ်လို့ မန္တလေး PDF ကနေ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။
– အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ် တပ်ကို တရားစွဲဆိုထားတဲ့အမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ်နိုင်ငံက ပါဝင်ရပ် တည်မှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတကပြောဆိုလိုက်ပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ ကျောက်လှေကားဂိတ်စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ အာပီဂျီအပြင် လက်နက်ငယ်တွေ နဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ရာမှာ ပျူစောထီး ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။