26 C
Yangon

ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ ၂ နှင့် ဥသြစစ်ကြောင်းတို့က စနိုက်ပါဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ် အနီး လမ်းလျှောက်နေသည့် စစ်သား ၃ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာစဥ် ၇၉ ၁ လုံး၊ ၈၀ မမ ၃ လုံး ဂိတ်အတွင်းကို ပစ်ထည့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article