နောင်ချိုအနီးတွင် စစ်ကားတစ်စီးကို TNLA နှင့် PDF တပ်များ တိုက်ခိုက်မှု စစ်ကားပေါ်ပါ စစ်သား ၁၅ ဦးလုံးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်း ရရှိသည့် ဗီဒီယို ထွက်ပေါ်လာ၊ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အနီးတွင် စစ်ကားတစ်စီးကို TNLA နှင့် PDF တပ်များ တိုက်ခိုက်မှု စစ်ကားပေါ်ပါ ၁၅ ဦးလုံးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည့် ဗီဒီယို ထွက်ပေါ်လာကြောင်း သိရှိရသည်။
သြဂုတ်လ ၄ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ်တပ်များသည် နောင်ချိုအနီးတစ်နေရာတွင် စစ်တပ်ယာဥ်တန်း ကို ခြုံခုံတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း၊ အဆိုပါ ကားပေါ်တွင် ပါလာသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးလုံးကို အသေပစ်ခတ် ချေမှုန်းနိုင်ခဲ့ကြောင်း၊ လက် နက် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/136597 တွင် သွားရောက်ကြည့်ရှု နိုင်ပါသည်။
