29 C
Yangon

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းပေါ်သို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံ ရေးအဖွဲ့ – CDSOM ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နေ့လည် ၂ နာရီခန့်က မုံရွာ- မန္တလေးလမ်းမပေါ်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ အနောက်ဘက်ရှိ စစ်တပ်စခန်းကို ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ၃ လုံးမှာ ပစ်မှတ်နေရာသို့ အတိအကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM ၏ အနောက် ပိုင်း 001 Drone အဖွဲ့ ၊ ဗိုလ်စင်္ကြာအဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း – မြောင် ၊ မြောင်မြို့နယ် ပလဖ (အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့) ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ ၊ Blood Brothers အဖွဲ့၊ Hero အဖွဲ့၊ PDF Taloke (မြင်းခြံခရိုင် တပ်ရင်း ၂ ) ၊ မန္တလေး ခရိုင် တပ်ရင်း ၃ ၊ ချောင်းဦးမြို့နယ် ပကဖနှင့် နဂါးပေါက်နှင့် နဘက်တိုက်နယ် ပကဖ(မြောင်) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article