26 C
Yangon

ကရင်နီတော်လှန်ရေးအကြောင်း ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် ဆုရ

Must read

ကရင်နီတော်လှန်ရေးအကြောင်း ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် ဆုရ

ရန်ကုန်| စက်တင်ဘာ ၁၃

ကရင်နီ (ကယား) လူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးနှင့် ဒေသခံပြည်သူ များ စစ်ကျွန်ဘဝသို့ ရောက်နေရသော အခြေအနေများကို ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် Visa d’or News Award ဆုံကို ရရှိကြောင်း သိရသည်။

မြန်မာပြည်တွင်းစစ်ကို လွှမ်းခြုံနိုင်သည့် ဓာတ်ပုံများဖြင့် ပြင်သစ်နိုင်ငံ နိုင်ငံတကာသတင်းဓါတ်ပုံပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အီတလီလူမျိုး ဗြိတိန်သတင်းထောက် Siegfried Modola က ၂၀၂၃ ခုနှစ်အတွက် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း ကနေဒါသတင်းစာစောင် The Globe and Mail က စက်တင်ဘာလ ၁၀ ရက်နေ့က ဖော်ပြသည်။

ကရင်နီပြည်နယ်အတွင်းမှ ၇ ပတ်ကြာ နေထိုင်ဖြတ်သန်းခဲ့စဉ် ကရင်နီလူမျိုးများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့်အကြောင်း ထင်ဟပ်စေသည့် ဓါတ်ပုံပေါင်း ၂၀ ကျော်နှင့် ရိုက်ကူးဖော်ထားသော “မြန်မာနိုင်ငံတွင်း လက်နက်ကိုင် အုံကြွမှု” “Inside Myanmar’s armed uprising” အမည်ရ သတင်းဓာတ်ပုံအက်ဆေးကို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဖြတ်သန်းနေသည့် လူငယ်များ၏ မြင်ကွင်းများ၊ စစ်မြေပြင်ကြားက ဒဏ်ရာရရဲဘော်များကို ဆေးကုသနေကြသည့် မြင်ကွင်များနှင့် ဒေသခံပြည်သူများမှ တိုက်ပွဲကြားမှ အသက်လုပြေးနေရသည့် မြင်ကွင်များအပြင် စစ်ပွဲများကြောင့် ဒေသခံပြည်သူများ မည်မျှထိ ဒုက္ခရောက်ကြရသည့် လူမှုဘဝအကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။

ဓာတ်ပုံသတင်းထောက် Siegfried Modola မှာ The Globe and Mail အတွက် သတင်းယူရင်း မြန်မာနိုင်ငံသို့ အခက်အခဲပေါင်းများစွာဖြင့် နယ်စပ်များမှတစ်ဆင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများစွာဖြင့် နေထိုင်ဖြတ်သန်းခဲ့ကာ ဓါတ်ပုံများကို ရိုက်ကူးခဲ့သည်။

ဓာတ်ပုံသတင်းထောက် Siegfried Modola ၏ ဓါတ်ပုံများမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကို လွှမ်းခြုံနိုင်သလို စစ်တပ်က တိုင်းရင်းသားပြည်သူများအား ဖိနှိပ်ခြင်း၊ ရက်စက်ကြမ်းကြုပ်ခြင်းနှင့် ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာပြီး အသက်လုပြေးကြရသည့် အခြေအနေများကို ပေါ်လွန်သောကြောင့် ၎င်း၏

လုပ်ဆောင်ချက်များအတွက် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု The Globe and Mail မှ တာဝန်ရှိသူက ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းခြင်းသည် ဗိုလ်ချုပ်နေဝင်းပြီးနေက် ပထမဆုံးသော ဒီမိုကရေစီအုပ်ချုပ်မှုကို အကျဉ်းချုပ် အဆုံးသတ်လိုက်ခြင်းဖြစ်သည်ဟု ဓာတ်ပုံသတင်းထောက် Siegfried Modola က ဆိုသည်။

“ကမ္ဘာတဝှမ်းက ဇာတ်လမ်းတွေ၊ ယူကရိန်းနဲ့ တခြားအရာအားလုံးကြောင့် ဒါဟာ မလွယ်ပါဘူး။ မြန်မာနိုင်ငံဟာ ပဋိပက္ခအနည်းငယ်ကို မေ့လျော့နေတယ်။ ” ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံသတင်းထောက် Siegfried Modola မှာ ပြိုင်ပွဲက ဆုအနေဖြင့် ယူရိုငွေ ၈၀၀၀ ကိုလည်း ရရှိခဲ့သည်။

ဗြိတိန်သတင်းထောက် ရရှိသည့်ဆုမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး Visa d’or News Award မှာ ဒုတိယ အကြိမ်မြောက်ဆုရရှိခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း အမည်မဖော်လိုသည့် မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးသည် Visa d’or News Award ဆုချီးမြှင့်ခံခဲ့ရသည်။

ဓါတ်ပုံ – The Globe and Mail ၊ Visa Pour I’Image

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article