26 C
Yangon

ဝက်လက်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံး ၊ ပြည်ခရိုင်တွင် Alpha One Drone တပ်ဖွဲ့က စစ်တပ်၏ ပစ်မှတ် ၁၃ ခုကို ဒရုန်းဖြင့် ဗုံး အလုံး ၉၀ ကျဲချနိုင်ခဲ့

Must read

ဝက်လက်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံး ၊ ပြည်ခရိုင်တွင် Alpha One Drone တပ်ဖွဲ့က စစ်တပ်၏ ပစ်မှတ် ၁၃ ခုကို ဒရုန်းဖြင့် ဗုံး အလုံး ၉၀ ကျဲချနိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံးကြောင်း Brave Brother (ပကဖ) ပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း တောင်လှ ဘုရားပေါ်တွင် တပ်စွဲထားသော ပျူစောထီးများနှင့် ခမရ ၁၂ မှ စစ်ကြောင်းက ဝက်လက် မြို့နယ် ထုံးဘို ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူများကို ဖမ်းဆီး၍ ပြည်သူပိုင်နေအိမ်နှင့် ရွာများကို မီးရှို့ ဖျက်ဆီးနေခဲ့ကြောင်း၊ ထို့ကြောင် PDF မဟာမိတ်တပ်များက ယင်းစစ်ကြောင်းကို တိုက်ခိုက်ကြရာ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦးသေဆုံးကြောင်း သိရှိရသည်။

ထိုစစ်တပ်စစ်ကြောင်းကို Brave Brothers နှင့်အတူ ဝိဇ္ဖာ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီကို ပြောက်ကျားတပ်ဖွဲ့၊ နတ်တောင်နဂါး၊ တပ်ရင်း ၂၃ ၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ စဉ့်ကူးမြို့နယ် တပ်ရင်း အမှတ် ၁၂၂၂၊ တပ်ရင်းအမှတ် ၅၁၀ ၊ ဒေါင်းတို့အားမာန်၊ ဥဒေါင်းမင်း၊ Acid အဖွဲ့၊ နယ်မြေခံ ပကဖများ၊ LPDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၅)၏ Drone အဖွဲ့ဖြစ်သော Alpha One Drone အဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ အထိ စစ်ကောင်စီပစ်မှတ် ၁၃ နေရာကို ဗုံး အလုံး ၉၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ဗျူဟာမှူး ၁ ယောက်အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း၊ လက်ရှိ တွင် KNU/KNLA တပ်မဟာ(၂)၊ တပ်ရင်း(၅)၊ ‌အလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးအဖွဲ့၊ နေပြည်တော် PDF တို့နှင့် ပူးပေါင်း၍ စစ်ဆင် ရေး ဆောင်ရွက် လျက်ရှိကြောင်း Alpha One Drone အဖွဲ့က သတင်း ထုတ် ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article