26 C
Yangon

ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်တပ် ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီး ကျည် ထိမှန်၍ ပြည်သူ ၁ ဦး ပေါင်ကျိုး

Must read

ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်တပ် ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီး ကျည် ထိမှန်၍ ပြည်သူ ၁ ဦး ပေါင်ကျိုး

ရန်ကုန်၊ စက်တင်ဘာ ၁၃

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာတစ်ရွာသို့ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီးကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦး ပေါင် တစ်ဖက်ကျိုး၍ ဒဏ်ရာ အနည်း ငယ်ရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ် Successful Force – Pauak ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သည့် လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နွား ၁ ကောင် ထိမှန် သေဆုံးခဲ့သလို လျှပ်စစ်မီးလိုင်း ကြိုးပြတ်ကျကာ မီးအနည်းငယ် လောင်ကျွမ်းခဲ့ကြောင်း Successful Force – Pauak က ပြောကြားသည်။

“ရမ်းပစ်တာ။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူး။ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲလို့ ပြညသူတွေ ညတွင်းချင်း တိန်းရှောင်ရတယ်ဗျ” ဟု Successful Force – Pauak မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြိုနယ် အနော က်ပိုင်း ကပစတပ်မှ ပေါက်မြို့နယ် တောင်ပိုင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article