28 C
Yangon

ဖြူးမြို့နယ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ အောင်လံမြို့ရှိ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးစောင့် ၁ ဦးသေဆုံး

Must read

ဖြူးမြို့နယ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ အောင်လံမြို့ရှိ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးစောင့် ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခန့်က ဖြူးမြို့နယ်၊ အုတ်ဖြတ်ရဲစခန်းအပါအဝင် နေရာ အနှံ့အပြား၌ အင်အား အများအပြားဖြန့်ကျက်ထားသည့်အနက်မှ စစ်ဆေးရေးဂိတ်တစ်ခုရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်း တပ်ဖွဲ့မှ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အုတ် ဖြတ်ရဲစခန်းဘက်မှ ၄၀ မမ၊ ၈၁ မမ လက်နက်ကြီးများ၊ တံ တားပေါ်ရှိ စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ အောင်လံမြို့ရှိ လဝက ရုံးအား ရှေ့ထက်ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့်တစ်ဦး သေဆုံးပြီး ရုံးရှေ့မျက်နှာစာ ထိခိုက်ပျက်စီးခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင် လံမြို့နယ် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက် နံနက် အစောပိုင်း ၃ နာရီ ၅ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်ရုံးတစ်ခုဖြစ်သော အောင်လံမြို့နယ်လဝကရုံးကို ရှေ့ထွက်ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ရုံးရှေ့၌ စောင့်နေသူ ရုံးစောင့်တစ်ဦးသေဆုံးပြီး ရုံးရှေ့မျက်နှာရှိ မှန်များကွဲကာ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အချို့နှင့် အကြမ်းဖက် စစ် သားများမှ ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ပစ်စရာ သေနတ်မရှိလို့ ရှေ့ထွက်ပြောင်းမိုင်း ဈေးချိုတာနဲ့ ဝယ်ပြီးလုပ်ဆောင်ခဲ့တာဗျ၊ ပေ ၁၅၀ အကွာလောက်ကနေ ပို့ယမ်း ၅၀ ဆယ်သား သုံးထားတဲ့အတွက် ညမှန်တဲ့အစောင့်ကတော့ သေမှာ၊ ရှေ့ ထွက်ထိရောက်မှုက တစ်ကိုယ်လုံးမှန်တာ၊ ရှေ့တည့်တည့်က ဖြစ်တဲ့အတွက် မိုင်းလိုမဟုတ်ဘူး၊ သဲနဲ့ ဆုတ်ပြီးပက်လိုက်သလိုပဲ၊ အော်ပြီးလဲကျသွားတယ်၊ အဲဒါပဲ သိလိုက်တယ်၊ ရှေ့ထွက်ပြောင်းက အမှန် ပို့ယမ်း ၃၀ သားသုံးရင်တောင် ပေ ၂၀၀ အကြား၊ ၂၅ ကိုက်ပတ်လည် ပျက်စီးတယ်၊ ညကဖြစ်စဉ်ကို ဒေသနေပြည်သူတွေမေးကြည့်တော့ မြေပါတုန်တယ်လို့ ပြောတယ်၊ ရုံးရှေ့ပိုင်းက မှန်တွေဘာတွေ အ ကုန်ကွဲတယ်” ဟု မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင် လံမြို့နယ် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ သင်တန်းဆင်း ပျူများပူးပေါင်းပြီး အောင်လံမြို့ လမ်းထောင့်တိုင်း၌ ၂ ဦး သို့မဟုတ် ၃ ဦး အစာင့်များချထားခဲ့ကြောင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ် ရေးတပ် – အောင်လံ၏ မြို့ပြလူကြီးလူကောင်းများအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့နေ မိဘပြည်သူများအနေဖြင့် အိမ်အနီးအနား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မှောင်ရိပ်ခိုနေထိုင်ခြင်းကိုလက်မခံကြရန်၊ အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက်ပါက အကြမ်းဖက်စစ် အုပ်ဝင်တပ်သား၊ ထောက်တိုင်များနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article