Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီ လူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး နဲ့ ဒေသခံပြည်သူတွေ စစ်ကျွန်ဘဝ ရောက်နေရ တဲ့ အခြေအနေတွေကို ရိုက်ကူးခဲ့တဲ့ ဗြိတိန်ဓာတ်ပုံသတင်းထောက် Siegfried Modola ဟာ Visa d’or News Award ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ၊ တကောင်း-မန္တလေး မြစ်ကြီးနားလမ်းဆုံက အကြမ်းဖက်စစ်တပ်ရဲ့ ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာမှာ ရဲ တစ်ဦးသေသွား တဲ့ အပြင်သေနတ်တစ်လက်နဲ့ ကျည်ဆန်အချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတစ်ရွာကို စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက် စစ်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက် ကြီးကျည်ကျရောက် ပေါက်ကွဲပြီး ၊ ပြည်သူ ၁ ဦး ပေါင် တစ်ဖက်ကျိုးတဲ့ ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
