26 C
Yangon

တကောင်းမြို့ ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘောများက လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်အများအပြား ပျက်စီး၊ နွား တစ်ကောင်ထိမှန်သေဆုံး

Must read

တကောင်းမြို့ ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘောများက လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်အများအပြား ပျက်စီး၊ နွား တစ်ကောင်ထိမှန်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ဆိပ်ကမ်းမှ ကချင်ပြည်နယ် ဘက်သို့ ဆက်လက်ထွက်ခွာသော စစ်တပ်သင်္ဘောများက မြစ်ကမ်း ဘေးတ လျှောက်ရှိကျေး ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ် ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ်အ များအပြား ထိမှန် ပျက်စီးခဲ့ ကြောင်း ဒေသနေ ပြည်သူများ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် တကောင်း မြို့ဆိပ်ကမ်း မှတဆင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်သို့ ဆန်တက် လာသော အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၄ စီးက မြစ်ကမ်း ဘေးတ လျှောက် ရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ တကောင်းတိုက် နယ်အတွင်းရှိ ကံသာဦးကျေးရွာ၊ ဘိုကုန်းကျေးရွာအပါအဝင် မြစ်ကမ်းဘေးတလျှောက်ရှိ နေအိမ်အများ အပြား ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

“ဒီမနက် ၇ နာရီလောက်ကနေ တကောင်းအနောက်ဘက်ကမ်းကနေ ဆန် တက်လာတာ၊ မြစ်ကမ်းဘေး တလျှောက်ကို ပစ်သွားတာ၊ ဘယ်လို လက်နက် အမျိုးအစားတွေနဲ့ ပစ်တယ်မသိဘူး၊ ထူးထူးဆန်းဆန်း လက်နက်တွေနဲ့ ပစ်သွားတာ၊ အခုပစ်တဲ့ လက်နက်သံမျိုးတစ်ခါမှ မကြားဖူးဘူး၊ နေအိမ်တွေ အကုန်စုတ်ပြတ်သွားတယ်၊ အခုက အဲဒီစစ်သင်္ဘောတွေ ထီးချိုင့်ဘက် ရောက် သွားပြီ၊ပြည်သူတွေလည်း သူတို့ကျော်သွားမှ ပြန်ဝင်ရဲတယ်၊” ဟု တကောင်း တိုက် နယ်အတွင်းနေထိုင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်တပ် သင်္ဘောက လက်နက် ကြီး၊ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်များ၊ အသုံးအဆောင် အိုး၊ခွက်၊ ပန်ကန်၊ နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူအမြောက်အများ တိမ်းရှောင်နေခဲ့သဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article