26 C
Yangon

ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်

Must read

ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ဇင်ထက်အောင်သည် လက်နက် ခဲယမ်းများနှင့်တကွ သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁ ၊ တပ်ခွဲ-၁ YOMA GBK ထံ CDM ဝင်ရောက်လာသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦးဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

” ဇီးကုန်းက စစ်တပ် ထောက်ခံတ​ဲ့ ကောင်တွေပေါက်ကွဲနေတယ်။ ဆိုင်ကယ်တော့ ဖမ်းပြီး ကိုယ့်ရဲစခန်းက ရဲပြေးတာကြတော့ မဖမ်းနိုင်လို့တဲ့ ပေါက်ကွဲနေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရဲတပ်သား ဇင်ထက်အောင်သည် BA-64 စက်ကလေး G4 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံများနှင့် တကွ CDM ပြုလုပ်ခဲ့ကြောင်း၊ အမှန်တရားဘက်မှ ရပ်တည်၍ CDM ပြုလုပ်လာမည့် ရဲဘော်များကို အချိန်မနှောင်းမီ CDM ပြုလုပ်ကြပါရန် တိုက်တွန်းနှိုးဆော်လိုကြောင်း သာယာဝတီ ခရိုင် PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article