27 C
Yangon

ရေတာရှည်မြို့နယ်ရှိ စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်ရှိ စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်းထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အမြန်လမ်း ၁၆၂ မိုင်ရှိ အင်အား ၂၀ ဦး အထိုင်ချ တပ်စွဲထားသော ရေတာရှည်မြို့ အနောက်ဘက် ဆိပ်ဖူးတောင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းရန် စီစဥ်ထားသော်လည်း ကျည်၊ ခဲယမ်း မလုံလောက်၍ ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို အနောက်ရိုးမ တောင်ငူခရိုင်အမှတ် ၁ တပ်ရင်းမှ ဒုခွဲမှူးမော်ရခ၊ စစ်ကြောင်း ကွပ်ကဲရေး ကိုစစ်၊ တပ်စုမှူး မိုက်ခဲ ဦးစီး အင်အား-၁၆ ဦး နှင့် နယ်မြေခံ ကျေးရွာကာကွယ်ရေး(ရပ်ကျေး ပကဖ) အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article