25 C
Yangon

ရေးမြို့ အခြေစိုက် စစ်တပ်၏ တပ်ရင်း ၂ ခုကို လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

Must read

ရေးမြို့ အခြေစိုက် စစ်တပ်၏ တပ်ရင်း ၂ ခုကို လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ ၁၉ လက်အောက်ခံ ခမရ ၅၈၃ နှင့် ခမရ ၅၉၁ တပ်ရင်း အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲမှ ၂ နာရီ ၄၅ မိနစ်အထိ ရေးမြို့ အခြေစိုက်စကခ ၁၉ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ ၅၈၃ နှင့် ခမရ ၅၉၁ တပ်ရင်းအတွင်းသို့ ဒေါနမမ လက်နက် ကြီး တပ်စုမှ လက်နက်ကြီးများဖြင့် တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းသို့တိုက် ရိုက်ထိမှန် ပေါက်ကွဲခဲ့ပြီး ခမရ ၅၉၁ တပ်ရင်းအတွင်းမှ ဒုဗိုလ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ရဲဘော်တစ်ဦး၊ ရဲဘော်၏ ဇနီးဖြစ်သူတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရှိသည်ဟု ကနဦးသိရှိရကြောင်း၊ ခမရ ၅၈၃ တပ်ရင်းအတွင်းမှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ(YGF) ၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးကာကွယ်ရေးတပ် (YDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲအစည်း( MSRO)၊ ABSDF တပ် ရင်း ၁ ၊ YAF နှင့် KNLA တပ်ရင်း ၂၇ ရေးအခြေစိုက် မဟာမိတ်တပ်ဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၃ နှင့် ခမရ ၅၉၁ တပ်ရင်းအတွင်းမှ ၈၁ မမ ၃ လုံး၊ ၆၀ မမ ၅ လုံး နှင့် ၇၉ မမ ဖြင့် အနီးအနားရှိကျေးရွာ အတွင်း သို့ “တပ်ကိုထိရင် ရွာကိုပစ်မယ်”ဟု ခြိမ်းခြောက်ထားသည့် အတိုင်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်တပ်၏ ကျေးရွာများအတွင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပျက် စီးဆုံးရှုံးမှုများလည်း ရှိကြောင်း သိရသည်။

“ကိုမျိုးချစ်ဈေးဆိုင်ကို လက်နက်ကြီးများထိမှန်ပါတယ်။နောက် ကိုကျော်ထူးအိမ်နှင့် ကိုမျိုးချစ် အိမ်ကြားမှာလည်း လက်နက်ကြီးများ ကျရောက်တယ်။ ဒေါ်မိပျို ဆိုင်လည်းပြိုကျ တယ်လို့ သတင်း ရရှိထားပါတယ်” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ လဝက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၉ လက်အောက်ခံတပ်ရင်းများကို ရေးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ယင်းတပ်ရင်းများအတွင်း၌ အကြမ်းဖက်စစ်သာများကို စုကာ မြဝတီ မြို့နယ်၊ လက်ခတ်တောင်နှင့် ကော့ကရိတ်မြို့နယ်များရှိ ရှေ့တန်းတပ်ရင်းများထံသို့ အင်အား ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု များကြောင့် အကြမ်းဖက်စစ်သားများ အထိနာနေပြီး အင်အားပို့ဆောင်ရန် စိုးရိမ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article