ရွှေပြည်သာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲများကို ဝင်ရောက်ပစ်ခတ်မှု ရဲအုပ် အောင်သက်ထွေး ပွဲချင်းပြီး သေဆုံး၊ လှိုင်သာယာတွင် ဗုံးတွေ့ရှိ၍ စစ်တပ် က လမ်းပိတ် ဖောက်ခွဲ
ရန်ကုန်၊ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲများ ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအုပ်အောင်သက်ထွေး ပွဲချင်းပြီး သေဆုံး သွား ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ ဝေယံလက်ဖက်ရည်ဆိုင်တွင် ရွှေပြည် သာ မြို့နယ်ရဲစခန်းမှ ရဲတချို့ နှင့် အပေါင်းအပါတချို့ ထိုင်နေကြစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုအတွင်း ရဲအုပ် အောင်သက်ထွေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ရွှေပြည်သာ ၈ ရပ်ကွက်၊ ဝေယံလက်ဖက်ရည်ဆိုင်ကို ညနေက ၀င်ပစ်တာ ရဲ ၁ ဦးသေပါတယ်။ ကျန်သူတွေဒဏ်ရာရသွားပါတယ်။ အခုအဲဒီအနားမှာခြေရှုပ် နေကြ ပါတယ်။ အဲဒီနားကို ရဲတွေ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ရုံးတွင် ယနေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ဗုံးတွေ့ရှိသဖြင့် စစ်တပ်က လမ်းပိတ်ဆို့ပြီး ဖောက်ခွဲ လိုက်ကြောင်း သိရှိရသည်။
“လှိုင်သာယာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ ဗုံးတွေ့လို့ စစ်ခွေးတွေလာ ဖောက် သွားတယ်။ အချိန်က ဒီနေ့ည ၈ နာရီ ၁၀ မိနစ်လောက်က ဗုံးရှိတာ ကိုသိနေရက်နဲ့ လူတွေကလည်း ဝေးဝေးကမသွားနိုင်ဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အခြားလှိုင်သာယာဒေသခံတစ်ဦးကမူ လှိုင်သာယာမြို့နယ် အမှတ် ၈ ရပ်ကွက်ရုံးကို ဗုံးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ဗုံးမပေါက်ကွဲဘဲ စစ်တပ်က သိမ်းဆည်း ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
လှိုင်သာယာ၊ ၈ ရပ်ကွက်ရုံးကို ဗုံးနှစ်လုံးပစ်ခံရပါတယ်။ ဗုံး ၂ လုံးက မပေါက် ကွဲပါဘူး။ အဲဒါကို စစ်ခွေးတွေက လမ်းပိတ်ပြီး လာရောက်ဖောက်ခွဲ သွားတာ ပါ” ဟု အဆိုပါ လှိုင်သာယာဒေသခံက ဆိုသည်။
လက်ရှိတွင် စစ်တပ်က လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင် ဦးပုညလမ်း ကို စစ်တပ် ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရွှေပြည်သာတွင် ယနေ့ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရဲအုပ်။