25 C
Yangon

ဗန်းမော်မြို့ကို ရိက္ခာလာပို့သည့် စစ်သင်္ဘော ၆ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းမူနှင့် ရေဦးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်

Must read

ဗန်းမော်မြို့ကို ရိက္ခာလာပို့သည့် စစ်သင်္ဘော ၆ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းမူနှင့် ရေဦးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာလာပို့သည့် စစ်သင်္ဘော ၆ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗန်းမော်မြို့ကို ရိက္ခာလာပို့သည့် စစ်သင်္ဘော ၆ စီးကို သပိတ်ကျင်းမြို့နှင့် ကျောက်‌မြောင်းမြို့ အကြားတွင် ၃ နေရာခွဲ၍ တော်လှန်ရေး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သင်္ဘော ၁ စီး၏ ဖင်ပိုင်းကို လက်နက်ကြီး ထိမှန်ခဲ့​ပြီး အကြမ်းဖက် စစ်သင်္ဘော အုပ်စုက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်‌ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သင်္ဘော အုပ်စုသည် သပိတ်ကျင်းဆိပ်ကမ်း‌ကို ရောက်ရှိလာစဥ် လူနာတင်ယာဉ် ၂ စီးရောက်ရှိလာပြီး ကျောက်ကြီးဆေးရုံကို မောင်းနှင်သွားကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်း တိုက်နယ် ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့) ဗိုလ်မိုးကြိုးတပ်ဖွဲ့နှင့်

Nine PDF တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အထက်တန်းကျောင်းခွဲ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Delta Force Taungtha PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အထက်တန်းကျောင်းခွဲ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ပစ်လိုက်တဲ့ ၄၀ မမ ကျကွဲတဲ့နေရာကနေ စက်ကလေးနဲ့ထပစ်တာဆိုတော့ ထိခိုက်မှုတော့ ရှိမယ်ဗျ၊ အဲဒီမှာက စစ်ခွေး ၄၀ လောက်ရှိတယ်၊ အပြန်အလှန်ပစ်ခတ်မှုက ၁၀ မိနစ်လောက်အထိကြာခဲ့ တယ်၊ ဆက် မတိုက်ဖြစ်တော့တာက သူတို့ထိပြီဆိုတာနဲ့ နီးစပ်ရာကို ရမ်းပစ်တာ၊ ကွက်သစ်ဘက် ပြည် သူ့အိမ်တွေနား ၆၀ မမ၊ ၄၀ မမတွေကျလို့ ပြန်ဆုတ်လာခဲ့လိုက်တာ၊ အခုလဲ အဲဒီကျောင်းထဲမှာ တပ်စွဲ ထား တုန်းပဲ” ဟု Delta Force Taungtha PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Delta Force Taungtha PDF နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၁ တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းထံမှ သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက အကြမ်းဖက် စစ်တပ် တပ်စွဲထားသည့် ရေဦးမြို့၊ တိုင်းရင်းဆေးရုံ ကို Fix Wings (မောင်းသူမဲ့လေယာဉ်ငယ်) ဖြင့် ဗုံးသီး ၃ လုံးချကာ SBB14B Rocket ၃ လုံးဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article