ကနီမြို့မှ ဆန်တက်လာသော စစ်တပ်သင်္ဘော ၇ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ပုလဲတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး သေ နတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ ဆန်တက်လာသော စစ်သင်္ဘော ၇ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် ကနီမြို့နယ်မှ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာ သော စစ်သင်္ဘော ၇ စီးကို ချင်းတွင်း မြစ်ကြောင်းတနေရာတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စနိုက်ပါ ထိမှန်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံး သည် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
“ကနီမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတနေရာမှာပါပဲ၊ စစ်ခွေး သင်္ဘော တွေက ဟုမ္မလင်းအထိ တက်မှာဗျ၊ မြစ်ကမ်းဘေးတလျှောက် ရမ်းသမ်း ပစ်ခတ်ပြီး တက်သွားတယ်၊ တိုက်ပွဲမှာက ခွေးအိုင်ကွန် အချင်းချင်းလိုင်းပူးပြီး ပြောသံကနေ သေတာကို အတည်ပြုနိုင်ခဲ့တာဗျ” ဟု ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ – KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် ဒေသကာကွယ်ရေး ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်သင်္ဘော ၁၂ စီး သည် ခန္တီးမြို့မှ ကျောက်စိမ်းများ တင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာနေပြီး ကလေးဝမြို့နယ်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မနက်ဖြန် စက်တင်ဘာလ ၁၅ ရက် နေ့တွင် ကနီမြို့ နယ်ထဲသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ပုလဲမြို့နယ် ကန့်ဒေါင် စစ် တပ်စခန်း ရှိရာသို့ ရိက္ခာသယ်ရန် လှည်းတန်းနှင့်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစော ထီး လက်နက်ကိုင်များကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက် ခိုက် ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီကျော်အချိန်တွင်လည်း စစ်တပ်၏ လှည်းတန်းများ ပြန်လာချိန်တွင် စောင့် ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၂ ဦးသေကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများဘက်မှ သေနတ် တစ်လက်၊ အလောင်း ၁ လောင်း၊ နွား ၁ ကောင် ရရှိခဲ့ပြီး ကာကွယ် ရေး တပ်ဖွဲ့များဘက်မှ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များက မိုင်းဆွဲ တိုက် ခိုက်ခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ်တိုက် ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ပုလဲမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလျက်ရှိသည့်အတွက် စစ်ကြောင်း ချီတက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ ၇ ရွာခန့်မှ ပြည်သူ ၃၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
စစ်ဘေးရှောင်ပြည်သူများကို ဒေသ ပအဖ၊ ပကဖများက ဦးဆောင်၍ တည်းခိုရန် နေရာများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေး မွေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ် ပအဖ လူသားချင်းစာနာ ထောက်ထားမှု တာဝန်ခံက ငွေကျပ် ၁၅၀၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း ပုလဲမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။