19 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ရှိအောင် စစ်တပ်က ရည်ရွယ်ဖန်တီးထားပြီး အသက် အန္တရာယ် ထိခိုက်မှု ဖြစ်ပေါ်လာရင် အကြမ်းဖက် စစ်ကောင်စီမှာ လုံး၀ တာဝန် ရှိမှာ ဖြစ်တယ်လို့ NLD ကနေ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

– ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉ လမ်း နဲ့ မြို့နယ်တိုင်းက စား သောက်ဆိုင်နဲ့ စျေးဝယ် စင်တာတွေမှာ စစ်တပ်ထုတ် မြန်မာဘီယာနဲ့ ကုန်ပစ္စည်းတွေကို ဆိုင်ပေါ်တင် ရောင်းချဖို့ အကြမ်းဖက် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဆိုင်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။

– မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က ကျွဲနွားထောက် ကျေးရွာအုပ်‎စုမှာရှိတဲ့ သာယာအေး ရွာသစ်ကို ကျူးကျော်နယ်မြေလို့ပြောပြီး အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ် ရေးမှူးက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေသလို ၊ မရွှေ့ပြောင်းပါက ဘူဒိုဇာ နဲ့ ဖျက်ဆီး ပစ်မယ် ဆိုပြီး ၊ ခြိမ်းခြောက်ပြောဆိုနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article