20 C
Yangon

မိုးကုတ်မြို့အနီးရှိ စစ်တပ်၏ ပင်လောင်ကုန်းစံ စခန်းကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ ဦးသေဆုံး

Must read

မိုးကုတ်မြို့အနီးရှိ စစ်တပ်၏ ပင်လောင်ကုန်းစံ စခန်းကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီအတွက် အရေးပါသော ပင်လောင်ကုန်းစံ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တပ်စွဲကာ ပြန်လည်ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်အခြေပြုတပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က မိုးကုတ်မြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ အတွက် အရေးပါသော ပင်လောင်ကုန်းစံအထိုင်စခန်းမှ အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်နေရာယူထားစဉ် အင်အား ၅၀ ခန့်ဖြင့် စစ် ကြောင်းထိုးလာပြီး လက်နက်ကြီး၊ ငါးကြင်းမြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ စနစ်တကျ ပြန်လည် ခုခံတိုက်ခိုက်သဖြင့် အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်အပါအဝင် ၆ ဦးဒဏ်ရာရကာ ပြန်လည်ဆုတ်ပြေးသွားကြောင်း သိရသည်။

“ပင်လောင်ကုန်းစံစခန်းကနေ ခွေးတွေ ဆုတ်သွားတဲ့အချိန် ဝင်ထိုင်ထားတာကို ပြန်လာတိုက်တာဗျ၊ စခန်းကို ဝင်ပြီး မတိုက်လိုက်ရဘူး၊ စခန်းကိုတော့ ကျနော်တို့တွေ ထိန်းထားသေးတယ်၊ ခွေးစစ်ကြောင်း ကလည်း ထပ်ထိုးနေပါတယ်၊” ဟု မိုးကုတ်အခြေပြုတပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မိုးလုံးမှိုင်း စစ်ဆင်ရေးကို TNLA နှင့် မိုးကုတ်ဗျူဟာ တပ်ရင်း ၁၂၂၃ တို့ ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်သည်ကို ၄၅ မိနစ်ကြာ သည်အထိ ရွက်ရွက်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သော တပ်ရင်း ၁၂၂၃ မှ ရဲဘော် ၁၃ ဦးကို မိုးကုတ်ဗျူဟာမှ ကျေးဇူးတင်စွာဖြင့် မှတ်တမ်း တင် ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article