Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ထိုင်းနိုင်ငံပိုင်နက်အတွင်းကို မြန်မာစစ်သား ၁၀၀ ဝန်းကျင် ဝင်ရောက်လာတာဟာ ရည်ရွယ် ချက်ရှိရှိ ဝင်လာတာ မဟုတ်တဲ့အတွက် အရေးမယူပဲ နေရပ် ပြန်ပို့လိုက်ပြီလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးသစ် SKlungsang က ပြောဆိုတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
– ကရင်ပြည်နယ်၊ KNU နယ်မြေ၊ ဆောထိမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ သံဆိပ် စခန်းက စစ်ကောင်စီ တပ်သား ၂ ဦးဟာ လက်နက်နဲ့အတူ အလင်းဝင် လာတဲ့အတွက် ၁ ဦးကို ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်ခဲ့တယ်လို့ ကေအဲန်ယူဗဟိုကနေ ထုတ်ပြန်ထားပါတယ်။
-မန္တလေးတိုင်း၊ မိုးကုတ်မြို့-အနီးက PDF တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ပင်လောင်ကုန်းစံ စစ်စခန်း ကို ပြန်ရဖို့ဆိုပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို TNLA နဲ့ PDF တပ်ဖွဲ့တွေကနေ ပြန်လည်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားပြီး ၊ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။