24 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ လက်ပံသာ ကျေးရွာဘက်သို့ အင်အားအများပြားဖြင့် ခြေလျင်စစ်ကြောင်းထိုးပြီး လက်ပံသာကျေးရွာ အရောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်က ညောင်ပင်ဝန်းရဲစခန်းအတွင်းသို့ ပြန်လည် ဝင်ရောက် လာစဉ် ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများ နိုင်ကြောင်း သိရသည်။

“ ၁၅ ယောက်လောက်က စစ်ကြောင်းနဲ့အတူပါသွားပြီးမှ စခန်းထဲကို ပြန်ဝင်လာတာဗျ၊ သူတို့ ပြန်ဝင် လာတဲ့ချိန် ရဲစခန်းထဲကိုချခဲ့တာ၊ ပြည်သူတွေ အထိအခိုက်မရှိအောင် ရဲစခန်းထဲချည်းပဲ ဗုံးသီးအားလုံး ချနိုင်ခဲ့တယ်ဗျ၊ ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ခွေးသေထိခိုက်မှုတော့ သတင်းမရသေးဘူး၊ အထိအခိုက်တော့များနိုင်တယ်ဗျ” ဟု GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို GTR-MMU တပ်ဖွဲ့၊ Ghost Team Ranger Myinmu (GTR-MMU)၊ Myin Mu Defence Force (MMDF) မြင်းခြံခရိုင် တပ်ရင်း ၆ နှင့် နယ်မြေဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း ၊မြေပြင်၊ ဝေဟင်စစ်ဆင်ရေးများကို ယခုပိုမို လုပ်ဆောင်နိုင်ရန် မိဘပြည် သူများအနေဖြင့် ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ညောင်ပင်ဝန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ညပိုင်းက စစ်ကိုင်းမြို့တပ်မ ၃၃ မှ ၆ ဘီးကားဖြင့် လာရောက်ပို့ဆောင်ခဲ့သည့် အကြမ်းဖက်စစ် သားများ ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ တံတား ဦးရွာ၊ ၎င်းမှတ ဆင့် လက်ပံသာကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထွက်လာခြင်းဖြစ်ကြောင်း၊ ယနေ့ ညပိုင်းအထိ ယင်းစစ်ကြောင်းမှာ လက်ပံသာကျေးရွာအတွင်း ၌ တပ်စွဲထားပြီး ဖမ်းဆီးခံရသူများ လည်း ရှိကာ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိကြောင်း သိရသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ဆည်ကလေးအနောက်ရွာ၌ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၈ ထံမှ သိရ သည်။

စက်တင်ဘာလ ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က နွားထိုးကြီးမြို့နယ်၊ ဆည်ကလေးအနောက်ရွာ သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဦးခေါင်းထိ၊ တစ်ဦး ခြေ ထောက်ထိမှန်ဒဏ်ရာအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံ ခရိုင် အမှတ် ၄ တပ်ရင်း နှင့် Myaung Special Drone Force – MSDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article