32 C
Yangon

မုံရွာတွင် တော်လှန်ရေးရဲဘော်များ၊ ထောက်ပို့များ အပြင် မိဘဆွေမျိုး များ ကိုပါ စစ်တပ်က ဖမ်းဆီးခြိမ်းခြောက်နေမှု မရပ်တန့်လျှင် ပြင်းပြင်း ထန်ထန် လက်တုံ့ ပြန်မည်ဟု တော်လှန်ရေး အင်အားစုများက သတိပေး

Must read

မုံရွာတွင် တော်လှန်ရေးရဲဘော်များ၊ ထောက်ပို့များ အပြင် မိဘဆွေမျိုး များ ကိုပါ စစ်တပ်က ဖမ်းဆီးခြိမ်းခြောက်နေမှု မရပ်တန့်လျှင် ပြင်းပြင်း ထန်ထန် လက်တုံ့ ပြန်မည်ဟု တော်လှန်ရေး အင်အားစုများက သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်များ၊ ထောက်ပို့များသာမက မိဘဆွေမျိုးများကိုပါ အကြမ်းဖက် ဖမ်းဆီးခြိမ်း ခြောက်နေ မှုများကို ရပ်တန်းက ရပ်ရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် တန်ပြန် လက်တုံ့ပြန်သွားမည်ဟု Black Falcon ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

“ ဒီရက်ပိုင်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းခံရတဲ့ ရဲဘော်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းသွားတယ်။ တခြား အဖမ်းမခံရတဲ့ ရဲဘော်တွေရဲ့ မိဘတွေကိုလည်း ဖမ်းသွားတယ်ဗျ။ ထောက်ပို့တာဝန်ယူထားတဲ့ သူတွေကို ရောပေါ့ဗျာ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေး ရဲဘော်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးခြင်းသည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမရှိသည့် လုပ်ရပ်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များကို ရန်သူ အဖြစ်သတ်မှတ်လျှင် ရဲဘော်များကိုသာ ပစ်မှတ်အဖြစ်ထားရန် Black Falcon ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် မိသားစုဝင်များကို ဖမ်းဆီးခြိမ်းခြောက် အကျပ် ကိုင်ခြင်းများ မပြုရန် သတိပေးလိုကြောင်း၊ တော်လှန်ရေးရဲဘော်များကလည်း စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းနှင့် အချက်အလက် အား လုံး ရရှိထားပြီးဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၏ မိသားစုဝင်များကို ဖမ်းဆီးခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ ဆက်လက်ပြုလုပ်နေပါက နောက် ဆက်တွဲ ဆိုးကျိုးများ ကြုံရမည်ဖြစ်ကြောင်း၊ အပြင်းထန်ဆုံးတန်ပြန် လုပ် ဆောင် မည်ကို သိရှိထားရန် သတိပေးကြောင်း Black Falcon ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စက်တင်ဘာလကုန် နောက်ဆုံးထား သတိထားပေးတယ်။ ကျနော်တို့မှာ စာရင်းရှိပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ အဓိက ရန်သူဖြစ်နေတာကြောင့်ပါ။ ” ဟု Black Falcon ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ကာလ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်နှင့်ရဲများက အကြမ်းဖက်ဖြိုခွင်းစဉ် အပြစ်မဲ့ ပြည်သူများကို ရိုက်နှက် ညှဉ်းပန်းနေခဲ့ကြသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article