ဆားလင်းကြီးတွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ကြီး အဖြစ် ဆက်လက် ထားရှိရေး လူထု ထောက်ခံပွဲ ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး ပအဖ နှင့်လက်ပံတောင်း တောင် ပင်မသပိတ်တို့ ပူးပေါင်းကာ ဦးကျော်မိုးထွန်းကို သံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး လူထု ထောက်ခံပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ထောက်ခံပွဲကို တိုက်နယ်/ရပ်ကျေး ပအဖ ၊ ပကဖ ဒေသ ကာကွယ်ရေး အဖွဲ့များနှင့် ပြည်သူလူထု အများအပြား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

