မတ္တရာတွင် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ တံတားဦးတွင် ဘီယာသောက်နေသည့် စစ်သားများကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကင်းပတ်နေသော စစ်သားများကို ပကဖ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ဝသုန္ဒရရွာမှ ကင်းပတ်လာသည့် အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ၁၀ ဦးခန့်ကို မန္တလေး-မတ္တရာ လမ်းပိုင်း တွင် မတ္တရာမြို့နယ် ပကဖ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့ပြင် တံတားဦးမြို့နယ်တွင်လည်း ဘီယာသောက်နေသည့် စစ်သားများကို ပကဖ အဖွဲ့က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် တံတားဦးမြို့နယ်၊ တံတားဦးမြို့ရှိ ညဆည်းဆာဘီယာဆိုင် တွင် ဘီယာ ဝင်သောက်နေသည့် စစ်သား ၃ ဦးကို တံတားဦး ပကဖ အဖွဲ့က ဗုံးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။