28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေ ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်တွေ အတွက် ငွေကျပ်သိန်းပေါင်း ၃ ထောင်ကျော်၊ ဒေါ်လာ ၁ သိန်းခွဲနီးပါး ထောက်ပံ့ခဲ့ပြီး မောင်းပြန် ၉၈ လက်၊ ဗုံးပစ်လောင်ချာ ၂၂ လက် ထောက်ပံ့ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီး ဌာနကနေ ထုတ်ပြန်ပါတယ်။

– ကရင်နီ-ပြည်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေးကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ် ဘက်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေသွားကြတဲ့အပြင် လက်နက် အလက် ၂၀ နီးပါး နဲ့ ခဲယမ်း တွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ပဲခူးတိုင်း၊ မုန်းမြို့နယ် အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ် ၃ စီး နဲ့လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူ ၅ ထောင်ကျောက်လောက်ဟာ ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article